ထိုဈေးနှုန်းသည် တစ်ပတ် အတွင်း တစ်ကျပ်သားလျှင် ကျပ် ခြောက်သောင်းခန့် မြင့်တက်လာ ခြင်းပြီး ရွှေဈေးသမိုင်းတစ် လျှောက် အမြင့်ဆုံးနှုန်းထားဖြစ် သည်ဟု ရွှေလုပ်ငန်းရှင်များက ဆိုသည်။
အသင်းကကန့်သတ်ရာတွင် ရွှေအရောင်းအ၀ယ်စာရင်းများ ကို ချက်ချင်းရှင်းလင်းရန်၊ ရွှေ ဈေးကွက်အတွင်း ရောင်းချရန် သတ်မှတ်ထားသည့် ပမာဏအ တိုင်းသာ ရောင်းဝယ်ရန်နှင့်ကမ္ဘာ့ ပေါက်ဈေးထက် ကျပ်နှစ်သောင်း ခွာရောင်းရန် ကန့်သတ်ခဲ့သည်ဟု ဦးမျိုးမြင့်ကဆိုသည်။
‘‘ဘယ်လောက်နဲ့ ရောင်းပါ လို့ဈေးနှုန်းတော့ ကန့်သတ်လို့ မရဘူး။ ကမ္ဘာ့ဈေးထက်နည်းရင် ပြည်ပကို ထွက်သွားလိမ့်မယ်’’ဟု ဦးမျိုးမြင့်က ပြောသည်။
ရွှေဈေးကွက်အတွင်း သတ် မှတ်ထားသည့် ပမာဏအတိုင်း ရောင်းချရန်ဆိုသည်မှာ သက် ဆိုင်ရာ ရွှေလုပ်ငန်းရှင်များက အသင်းသို့ရောင်းချရန် ပေးပို့လာ သည့် ပမာဏအတိုင်းဈေးကွက် အတွင်း ရောင်းရမည်ဖြစ်သည်။ ထိုပမာဏထက်ပိုမိုသည့် အ ရောင်းအ၀ယ်မလုပ်ရန်ကန့်သတ် ခြင်းဖြစ်သည်။
ပြည်တွင်းအခေါက်ရွှေဈေး သည် ဇူလိုင် ၇ ရက်တွင် တစ် ကျပ်သားကျပ် ၁,၁၁၈,၄၀၀ ရှိရာ မှ သြဂုတ် ၇ ရက်တွင် ကျပ် ၁၂ သိန်းကျော်အထိ မြင့်တက်လာ ခြင်းဖြစ်သည်။
ထိုသို့ ဈေးနှုန်းမြင့်တက်လာ ခြင်းသည် အမေရိကန်-တရုတ် ကုန်သွယ်ရေး စစ်ပွဲကြောင့်ဖြစ်ပြီး အခြား အကြောင်းအရာများ မပါဝင်ဟု ရွှေလုပ်ငန်းရှင်ဦးမင်း မင်းကပြောသည်။
ထိုသို့ မြင့်တက်လာခြင်း ကြောင့် အခေါက်ရွှေဈေးကွက် တွင် ၀ယ်လိုအားမြင့်တက်နေ သော်လည်း လက်ဝတ်ရတနာ ဈေးကွက်၌ အရောင်းအ၀ယ် ရပ်ဆိုင်းလုနီးပါး ဖြစ်နေသည်ဟု လုပ်ငန်းရှင်များထံမှ သိရသည်။
ကမ္ဘာ့ရွှေဈေးသည် သြဂုတ် ၅ရက်တွင် တစ်အောင်စ ၁,၄၅၇ ဒေါ်လာရှိရာမှ သြဂုတ် ၇ ရက် တွင် တစ်အောင်စ ဒေါ်လာ ၁,၄၈၉ အထိ မြင့်တက်ခဲ့သည်။
7Day






0 comments:
Post a Comment