
နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက် ဇီဝိတကွက်သစ်ပိုင်း ဇလပ်ဝါ ၇ လမ်းအိမ်အမှတ် ၂၅၄၄ တွင် တရားမဝင်အနှိပ်ခန်းဖွင့်လှစ်နေကြောင်း သတင်းအရ အမှတ် (၁)မြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ သက်သေများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးတို့နှင့်အတူ သြဂုတ် ၆ ရက် ဝ၁း၅ နာရီအချိန် ဝင်ရောက်ဖမ်းဆီးရာ အနှိပ်ခန်းမန်နေဂျာသန့်ဇင်ဦး ၁၈ နှစ် ပေါင်းလောင်းရပ်ကွက် ပျဉ်းမနားမြို့နေသူနှင့်အတူ အနှိပ်ခန်းတွင် လုပ်ငန်းဆောင်ရွက်သူ နေခြည်(ခ)နေခြည်အောင် ၂၃ နှစ် မော်လမြိုင်မြို့နေသူ အပါအဝင် အနှိပ်သမ ၈ ဦးနှင့် အနှိပ်ခံရန်ရောက်ရှိနေသူ ၂ ဦးတို့အားတွေ့ရှိရပြီး တရားမဝင်အနှိပ်ခန်းတွင် တွေ့ရှိရသော ပစ္စည်းများဖြစ်သည့် Grace တံဆိပ်ပါစာအုပ်တွင် အမျိုးသမီးနာမည်များနှင့်တွဲလျက် ရေးသားထားသော ဝယ်ယူသည့် ပစ္စည်းများစာရင်းနှင့် ငွေစာရင်းတအုပ်၊ Top Choice တံဆိပ်ပါ ကတ်ထူစာအုပ်၊ Line တံဆိပ်ပါ ဘောပင်တချောင်း၊ မြန်မာငွေစက္ကူရောရာ ၁၄၈ဝဝဝ ကျပ်၊ အပြာရောင်ခေါင်းအုံးစွပ်ပါ ခေါင်းအုံး ၃ လုံး၊ အနီရောင်ခေါင်းအုံးစွပ်ပါ ခေါင်းအုံးတလုံး၊ Dream တံဆိပ်ပါ မွေ့ရာ ၄ ခု၊ နီ၊ ဖြူ၊ ရောင်စောင်တထည်တို့အား သက်သေများရှေ့ ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ အမှတ် (၁) မြို့မရဲစခန်းမှ အမှုအမှတ်စဉ် (၁၂/၂ဝ၁၉) ရာဇသတ်ကြီးပုဒ်မ ၁၈၈ ဖြင့် အမှုဖွင့်လှစ်ကာ အမှုမှတရားခံများဖြစ်ကြသည့် သန့်ဇင်ဦး၊ နေခြည်(ခ)နေခြည်အောင်၊ ယမင်း၊ ထက်ထက်၊ ဇင်ဇင်၊ နှင်းနှင်းအောင်၊ လဲ့လဲ့ထွန်း၊ မြနှင်းအေး၊ လရိပ်ချိုတို့ ၉ ဦးအား ဝ၂း၂၅ နာရီအချိန် ဖမ်းဆီးစစ်ဆေးလျက် ရှိသည်။




ထွန်း(နေပြည်တော်)






0 comments:
Post a Comment