
ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးတာဝန် ထမ်းဆောင်လျက်ရှိသည့် တပ်မတော်သား များအတွက် ကွယ်လွန်သူ နိုင်ငံတော် သမ္မတ (အငြိမ်းစား)၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်(အငြိမ်းစား) ဗိုလ်ချုပ်ကြီးနေဝင်း၏ မိသားစုဝင်များက အလှူငွေ ပေးအပ်ခြင်းကို သြဂုတ် ၁၃ ရက် နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ် ကုန်းမြင့်သာ ခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်သက်ပုံနှင့်အဖွဲ့ဝင်များ၊ အလှူရှင်များ တက်ရောက်ကြသည်။
ဦးစွာ ဦးကျော်နေဝင်းက လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် အလှူငွေ ကျပ်သိန်း ၁၅ဝ အား ပေးအပ်လှူဒါန်းရာ တိုင်းမှူးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
အကုန်သိ သတင်းဌာန






0 comments:
Post a Comment