
သဘာဝဘေးအန္တရာယ်ကြောင့် အသက်ဆုံးရှုံးသွားသူများ လူ့ဘဝပြန်ရပါက ငြိမ်းချမ်းသောတိုင်းပြည်တွင် လူဖြစ်ပြီး ဥာဏ်ပညာကြီးမားကာညှိနှို်င်းရလွယ်ကူသည့်တိုင်းပြည်တွင် လူပြန်ဖြစ်ရန် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးကျော်မြင့်ဦးက ဆုတောင်းလိုက်သည်။
“ ယနေ့ရက်ပိုင်းအတွင်းမှာခံစားနေရတဲ့ သဘာဝဘေးအန္တရာယ်ကြုံတွေ့နေရတဲ့ ကျွန်တော်တို့ နိုင်ငံသူ နိုင်ငံသားများအတွက် ဘေးအန္တရာယ်မှ အမြန်ဆုံးကင်းလွှတ်ပါစေကြောင်းနဲ့ အသက်ဆုံးပါးသွားသူများလည်း ကောင်းရာသုဂတိရောက်ပါစေကြောင်း၊ နောက်လူ့ဘဝပြန်ရပါကလည်း ငြိမ်းချမ်းသောတိုင်းပြည်မှာ လူဖြစ်ပါစေကြောင်း၊ ဥာဏ်ပညာကြီးမားတဲ့ညှိလို့နှိုင်းလို့လွယ်ကူတဲ့တိုင်းပြည်မှာသာလူဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပါတယ်” ဟ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးကျော်မြင့်ဦးက ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာတွင် တောင်ပြိုကျမှုဖြစ်ပွားခဲ့ရာ လူပေါင်းသေဆုံးသူ ၅၉ ဦး၏ ရုပ်အလောင်းများကိုရှာဖွေတွေ့ရှိထားပြီးလူပေါင်း ၂ သောင်းကျော်မှာ သဘာဝဘေးဒဏ်ခံစားနေရကြောင်း သိရသည်။
သြဂုတ်လ (၁၁)ရက်ကလည်းဒုတိယသမ္မတ(၂) ဦးဟင်နရီဗန်ထီးယူ၊ လူကယ်ပြန်ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးနှင့် အဖွဲ့သည် မွန်ပြည်နယ် ၊ ရေးမြို့သို့ရောက်ရှိခဲ့ပြီး ကယ်ဆယ်ထောက်ပံ့မှုများဆောင်ရွက်ခဲ့သေးကြောင်းသိရသည်။
သဘာဝဘေးဒဏ်သင့်ဒေသများတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကြက်ခြေနီ၊ မီးသတ်၊ လူမှုကယ်ဆယ်ရေး အဖွဲ့များနှင့် တပ်မတော်သားများက ကူညီပေးနေကြောင်း သိရသည်။


ချမ်းငြိမ်း ( အကုန်သိ သတင်းဌာန )






0 comments:
Post a Comment