Tuesday, August 20, 2019

လမ်းကြုံလိုက်ပါသည့် ကျောင်းသား/သူ (၃)ဦးအား ယာဉ်တံခါး ဖွင့်ပေးခြင်း မရှိဘဲ မဖွယ်မရာ ပြသခဲ့သည့် ယာဉ်မောင်းအား အချိန်တိုအတွင်း ဖမ်းဆီးရမိ

Image may contain: 1 person, standing

၁၉-၈-၂၀၁၉ ရက်နေ့ နံနက် ဝ၇ဝဝ အချိန်ခန့်တွင် မ×××× (၁၄) နှစ်၊ (၉)တန်း၊ မ ×××× (၁၄)နှစ်၊ (၉)တန်း၊ မောင်×××× (၁၂) နှစ်၊ (၇) တန်းတို့ (၃)ဦးသည် ကျောင်းတက် ရန်အတွက် ရန်ကုန်-မန္တလေး ပုံမှန်ကားလမ်း၊ မိုင်တိုင်အမှတ် ၁၄၅/၁ နှင့် ၂ အကြားတွင် ယာဉ်မောင်း ဝင်းမော် (၂၄) နှစ်၊ အင်းစိန်မြို့နယ်နေသူ မောင်းနှင်သည့် ယာဉ်ဖြင့် လမ်းကြုံ လိုက်ပါခဲ့ရာ ကျွဲပွဲမြို့၊ ကျောက်တလင်းနှင့် တဲကြီးကုန်း ကျေးရွာအကြား၊ ရန်ကုန်-မန္တလေးပုံမှန် ကားလမ်း၊ မိုင်တိုင်အမှတ် ၁၄၆/၂ နှင့် ၃ အကြား အရောက် ယာဉ်မောင်း ဖြစ်သူ ဝင်းမော်မှ ယာဉ်အား ရပ်တန့်ကာ မှန်တံခါးများ၊ လိုက်ကာများ ချပိတ်သဖြင့် ၄င်းတို့ (၃)ဦးမှာ ကြောက်လန့် ပြီး ကားပေါ်မှ အတင်းဆင်းရန် ပြင်ဆင်စဉ် ဝင်းမော်မှ ကားတံခါးအား ဖွင့်ပေးခြင်းမရှိဘဲ ပုဆိုး လှန်ကာ ၄င်း၏ တန်ဆာအား လက်ဖြင့် ကိုင်ပြသောကြောင့် ကားမှန် ပြုတင်းပေါက်မှ တစ်ဆင့် အတင်း တိုးဝှေ့ ခုန်ချ ဆင်းပြေးခဲ့ရာ ကားမှာ ဆက်လက် မောင်းထွက်သွားခဲ့ပါသည်။

၎င်းတို့ (၃)ဦးမှ လမ်းတွင် တွေ့ရှိသည့် ဆိုင်ကယ်မောင်းနှင်သူအား အကူအညီ တောင်းခံခဲ့ရာ ၄င်း အမျိုးသားမှ ရဲတပ်ဖွဲ့သို့ ဆက်လက်အကြောင်းကြားပေးခဲ့ပါသည်။ ၄င်းတို့ (၃)ဦးသည် မိဘများနှင့်အတူ ကျွဲပွဲနယ်မြေရဲစခန်းတွင် နေ့လည် ၀၁၄၀ အချိန် လာရောက်တိုင်တန်းခဲ့ရာ ကျွဲပွဲနယ်မြေရဲစခန်း (ပ) ၈ဝ/၂ဝ၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၄၁/၅ဝ၉ ဖြင့် အမှုဖွင့်ဆောင်ရွက်၍ ၄င်းယာဉ်နှင့် ယာဉ်မောင်းအား ဖမ်းဆီးရမိရေးအတွက် ဆက်စပ် ရဲစခန်း ဖြစ်သည့် အုတ်တွင်း မြို့မရဲစခန်းသို့ ဆက်သွယ်အကြောင်းကြားခဲ့ပါသည်။
အုတ်တွင်းမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များမှ တရားခံအား ဖမ်းဆီး ရမိရေးအတွက် အဆိုပါ ယာဉ်ဖြတ်သန်းရာ ဆက်စပ်ရဲကင်းစခန်းများသို့ ဆက်လက်အကြောင်းကြားပြီး နယ်မြေအတွင်း စုံစမ်းရှာဖွေစဉ် ၁၁၂၅ အချိန်ခန့်တွင် အုတ်တွင်းမြို့နယ်၊ ဥယာဉ်တော်ကျေးရွာ အုပ်စု၊ မှော်ရော တံတား အနီးတွင် ရဲတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးရမိခဲ့သည် ။
သို့ဖြစ်၍ လမ်းကြုံလိုက်ပါလာသည့် ကျောင်းသား/သူ (၃)ဦးအား ယာဉ် မှန်တံခါးများ၊ လိုက်ကာများ ချပိတ်ကာ တံခါးဖွင့်ပေးခြင်းမရှိဘဲ မဖွယ်မရာ ပြသခဲ့သည့် တရားခံအား အချိန်တို အတွင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

Credit - Bago Police
The Ladies News

0 comments:

Post a Comment