
ကမ္ဘာ့ဆင်များနေ့ အထိမ်းအမှတ် အခမ်းအနားကို ပဲခူတိုင်း ဘုရားကြီး မြို့ အနီးရှိ ၀င်္ဂဘော်ဆင်ထိန်းသိမ်းရေး အပန်း ဖြေစခန်းတွင် ယနေ့ နံနက်ပိုင်းက ကျင်းပရာ စခန်းရှိ ဆင်များကို ကြံ၊ ဌက်ပျောသီး၊ ပြောင်းဖူး၊ ဖရဲသီး၊ ၀ါးရွက်နု စသည့် အစားအစာများကို ဘူဖေးပုံစံဖြင့် စတုဒီသာကျွေးခဲ့သည်။
နှစ်စဉ် သြဂုတ်လ ၁၂ ၇က်နေ့ ကို ကမ္ဘာ့ဆင်များနေ့ အဖြစ် နိုင်ငံတကာမှ သတ်မှတ်ထားပြီး၊ ၀င်္ဂဘော် ဆင်ထိန်းသိမ်းရေး အပန်းဖြေ စခန်းတွင် ဆင်ကြီး ၁၀ ကောင်နှင့် ဆင်ငယ် ၁၀ ကောင် စုစုပေါင်း ၂၀ ကောင် ရှိကာ ဆင်ငယ် ၈ ကောင်မှာ အမိမဲ့ဆင်ကလေး များဖြစ်သောကြောင့် နို့တိုက် မွေးမြူထားရကြောင်း သိရသည်။
လက်ရှိ မြန်မာနိုင်ငံအတွင်း သဘာဝသစ်တောနယ်မြေများတွင် တောင်ဆင်ရိုင်း ခန့်မှန်းကောင်ရေ ၁၅၀၀ ခန့်နှင့် အစိုးရနှင့် ပုဂ္ဂလိကပိုင် မှတ်ပုံတင်ထားသည့် ဆင်ကောင်ရေ ၃၀၀၀ နှင့် ၅၀၀၀ ခန့်ထိရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ဆင်များအား သတ်ဖြတ်သည့် ပြသနာကို မကြုံစဖူး ဆိုးရွားစွာ ရင်ဆိုင်နေရပြီး ဆင်သတ်ဖြတ်ခံရမှူ ပမာဏအနေဖြင့် တစ်ပတ်လျှင် အနည်းဆုံး ဆင်တစ်ကောင်နှူန်း အထိ အသတ် ခံနေရကြောင်း သိရသည်။ ယခုအခါ တောဆင်ရိုင်းများ ကိုသာမက အစိုးရပိုင်နှင့် ပုဂ္ဂလိကပိုင် လုပ်ငန်းသုံးဆင်၊မွေးမြူထားသော ဆင်များကိုပါ ပစ်မှတ်ထား သတ်ဖြတ်လာကြောင်း သိရသည်။











သတင်းနှင့် ဓာတ်ပုံ -အောင်ကျော်ထက် /ဧရာဝတီ






0 comments:
Post a Comment