
ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ဖေ့စ်ဘွတ်ခ်တွင် ၀င်ရောက်ရေးသားသည့် မှတ်ချက်များကို ကိုယ်တိုင်ဝင် ရောက်ဖတ်ရှုသည်ဟု ပြောကြားသည်။
ထိုသို့ ဖေ့စ်ဘွတ်ခ်ပေ့ခ်ျ ထားရခြင်းသည် သတင်းအချက်အလက်များ တင်ပြနိုင်ရန်နှင့် အများပြည်သူ၏ တုံ့ပြန်တင်ပြမှုများကို သိရှိနိုင်ရန်ဖြစ်သည်ဟု သြဂုတ်၁၉ရက်က ရန်ကုန်မြို့တော်ခန်းမ၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြား သည်။
ရန်ကုန်မြို့တော်ဝန်သည် Maung Maung Soe-Yangon Mayor အမည်ဖြင့် ဖွင့်လှစ်ထားသည်။
‘‘အကုန်ကြည့်တယ်။ ကြည့် ပြီးတော့ ဘာလုပ်လဲဆိုရင် သက် ဆိုင်ရာဌာနကို ကျွန်တော်လှမ်း အကြောင်းကြားတာ။ ဌာနမှူး တွေကိုရော၊ ကော်မတီဝင်တွေ ကိုရော ဒါကိုကြည့်လုပ်ပေး၊ ဒါ ကိုကြည့်ပေးဆိုပြီးတော့မှ’’ဟု ဦးမောင်မောင်စိုးက ပြောသည်။
သို့သော် အခြားလုပ်ငန်း တာဝန်များရှိသဖြင့် ၀င်ရောက်ရေးသားထားသည့် မှတ်ချက်များအပေါ်ပြန်လည်တုံ့ ပြန်ဖြေကြားခြင်း မပြုလုပ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။
‘‘တချို့က သူတို့ကို တောင် ပြန်ပြီး မမန့်ဘူး၊ ဘာဘူးဆိုပြီး တော့တောင်ပြော၊ မြောက်ပြော နဲ့၊ အမှန်မှန်မဟုတ်ဘူး ဖတ် တယ်။ ဖတ်ပြီးတော့မှ ကျွန်တော့် အလုပ်က Comand လုပ်ရမယ့် အလုပ်။ ကျွန်တော်ထိုင်ပြီးတော့ သူတို့နဲ့ ပြန်ပြောဖို့လုပ်ရမယ့်အ ချိန် ပွင့်ပွင့်လင်းလင်း ပြောရရင် မရှိဘူး’’ ဟု ဦးမောင်မောင်စိုးက ပြောသည်။
အဆိုပါ ဖေ့စ်ဘွတ်ခ်တွင် ရန်ကုန်မြို့တော်စည်ပင်၏ လုပ် ဆောင်ချက်များကို ပုံမှန်ရေးသား ဖော်ပြနေသည်။ သို့သော် ဖေ့စ် ဘွတ်ခ်သုံးစွဲသူများက စည်ပင်၏ ဆောင်ရွက်ချက်များကို လှောင်ပြောင်ဝေဖန်ခြင်း၊ မြို့နယ်အတွင်း ဖြစ်ပေါ်နေသည့် အခြေအနေများ ကို တင်ပြအကူအညီ တောင်းခံ ခြင်း စသည့်မှတ်ချက်များ ၀င် ရောက်ရေးသားလေ့ရှိသည်။
7Day






0 comments:
Post a Comment