စားကျက်မြေ ဧက ၂၇၀ တွင် ကျုးကျော် စိုက်ပျိုးလုပ်ကိုင်နေသူများကို ဖယ်ရှားရှင်းလင်းပေးရန် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်း၏ဇာတိ ကြံသနွယ်ကျေးရွာဒေသခံ တောင်သူ ၂ဝ ကျော်က သြဂုတ်လ ၂၂ ရက်နေ့ နံနက် ၈ နာရီခန့်က ရေတာရှည်မြို့ပေါ်တွင် စီတန်းလှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း ဦးဆောင်သူ ဦးစံမြင့်က ပြောကြားသည်။
အဆိုပါစားကျက်မြေဧက ၂၇၀ ခန့်တွင် တောင်သူ ၅၀ကျော်က နေရာအကုန်နီးပါး စိုက်ပျိုးနေခြင်းဖြစ်ပြီး ပြီးခဲ့သည့်တစ်လခန့်က ဝန်ကြီးချုပ် ဦးဝင်းသိန်းကိုယ်တိုင် စိုင်တမော့ကြီးကျေးရွာတွင် နှစ်ဖက်တောင်သူများကို ခေါ်ယူတွေ့ဆုံပြီး စားကျက်မြေအဖြစ် ဧက ၅၀ ကို ပြန်လည်သတ်မှတ်ပြီး ကျန်မြေများကို လက်ရှိစိုက်ပျိုးနေသူများအား ခွဲဝေချထားလုပ်ကိုင်ခွင့်ပေးရန် ဆုံးဖြတ်ထားခဲ့သည်။
“အခုဆန္ဒဖော်ထုတ်မှုဟာ တတိယအကြိမ်ဖြစ်ပါတယ်။ သက်ဆိုင်ရာကိုလည်း အကြိမ်ကြိမ်တင်ပြတိုင်တန်းပြီးပြီ။ ဟိုတစ်ရက်က ထွေအုပ်ရုံးမှာ ညှိနှိုင်းပေးမယ်ပြောပြီး တက်တဲ့လူဦးက မပြည့်ဘူးဆိုပြီး ပြန်ဖျက်တယ်။ ဒေသခံတောင်ငူတွေရဲ့ နွားတွေ၊ ကျွဲတွေက စားကျက်မရှိတော့ လမ်းဘေးသွားကျောင်းနေရသလို စားကျက်ထဲဝင်စားတော့လည်း ပြဿနာတွေတက်ရတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ရေတာရှည်မြို့နယ် ကြံသနွယ်ကျေးရွာအုပ်စုအပါအဝင် ကျေးရွာပေါင်းငါးရွာခန့်မှ ဒေသခံ တောင်သူများ၏ ကျွဲ နွားများ လွတ်ကျောင်းရာစားကျက်မြေအတွင်း ဝင်ရောက်ကျုးကျော်စိုက်ပျိုးနေသူများကို ဖယ်ရှားရှင်းလင်းပေးရန် ယခုနှစ် ဇွန်လကတစ်ကြိမ် တောင်ငူမြို့ပေါ်တက်ပြီး ဆန္ဒဖော်ထုတ်ခဲ့ကြပြီး ဇူလိုင်လအတွင်း ရေတာရှည်မြို့နယ်တွင် ဒုတိယအကြိမ်ဆန္ဒဖော်ထုတ်ခဲ့ကြသော်လည်း ပြေလည်အောင်ဖြေရှင်းပေးခြင်း မရှိကြောင်းယင်းဒေ သခံများက ဆိုသည်။
ကျွဲနွားကောင်ရေ ၁၀၀၀ ကျော် လွတ်ကျောင်းရာ အဆိုပါ စားကျက်မြေများသည် ကျေးရွာစတင်တည်ထောင်ချိန်ကတည်းက သတ်မှတ် ပေးအပ်ထားခြင်းဖြစ်ပြီးလက်ရှိတွင် အုပ်ချုပ်ရေးပိုင်းနှင့်နီးစပ်ရာ တောင်သူများက ၁၉၉၉ ခုနှစ်ခန့်တွင် စတင်ဝင်ရောက်ပြီး ကျုးကျော်စိုက်ပျိုးလုပ်ကိုင်နေကြခြင်းဖြစ်ပြီး ယနေ့ဆန္ဒဖော်ထုတ်မှုသ တတိယအကြိမ်ဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။
အဆိုပါ စားကျက်မြေပြဿနာသည် လွန်ခဲ့သည့် အနှစ်နှစ်ဆယ်ကျော်ခန့်ကဗိုလ်ချုပ်ခင်ညွန့်လက်ထက်ရေတာ ရှည်သိကြားစက်ရုံ လည်ပတ်ရန် လိုအပ်သည့်ကြံစိုက်ဧကများအတွက် တိုးချဲ့ကြံစိုက်ဧကသတ်မှတ်စိုက်ပျိုးရန် နုတ်မိန့်နှင့် စိုက်ပျိုးလုပ်ကိုင်ခွင့် ပေးခဲ့သည့်အတွက် နီးစပ်ရာတောင်သူများက စိုက်ပျိုးလုပ်ကိုင်နေခြင်း ဖြစ်သည်ဟု ကြံသနွယ်အုပ်ချုပ်ရေးမှူးဦးသန်းဌေးက ပြောကြားသည်။
“စိုက်နေသူတွေကလည်း နှစ်ပေါင်းများစွာ ကြာလာတော့ ဆက်လုပ်ခွင့်ရလိုတယ်။ တစ်ဖက်ကလည်း စားကျက် မြေအဖြစ်ပြန်လိုချင်တယ်။ ကျွန်တော်တို့က ရပ်ကျေးအဆင့်ဆိုတော့ဘယ်လို ဖြေရှင်းပေးမလည်း။ ဝန်ကြီးချုပ် ကိုယ်တိုင်လည်းသိပြီးသားပြသနာဆိုတော့ အုပ်ချုပ်ရေးက ဖြေရှင်းပေးရမဲ့ ပြသနာပါ”ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ရေတာရှည်မြို့နယ် ကြံသနွယ်ကျေးရွာအနီး စားကျက်မြေပြသနာနှင့် ပတ်သက်ပြီး လယ်ယာမြေစီမံခန့်ခွဲမှုကော် မတီတာဝန်ရှိသူလည်း ဖြစ်သကဲ့သို့ မြို့နယ်အုပ်ချုပ်ရေးမှူးလည်းဖြစ်သည့် ဦးမင်းနိုင်အောင်ထံ ယနေ့နံနက် ၁၀ နာရီခွဲခန့်က ဖုန်းဖြင့်ဆက်သွယ် စုံစမ်းမေးမြန်းရာတွင် ဖုန်းလက်ခံဖြေကြားခြင်း မပြုခဲ့ချေ။
အဆိုပါစားကျက်မြေများကို ဝင်ရောက်လုပ်ကိုင်နေသည့် တောင်သူများကိုဖယ်ရှားရှင်းလင်းပေးရန် ဆန္ဒဖော်ထုတ်သူ ၂၂ ယောက်သည် သြဂုတ်လ၂၂ ရက်နေ နံနက် ၈ နာရီခန့်ကစတင်ပြီး ဆိုင်းဘုတ်များကိုင်ဆောင် ကာရေတာရှည်မြို့တွင်းလမ်းမများပေါ် ချီတက်လမ်းလျှောက်ပြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှေ့၌တင် ပြတောင်းဆိုခဲ့ကြသည်ဟု ဦးဆောင်သူများက ဆိုသည်။
The Voice






0 comments:
Post a Comment