ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း အမည်အလွဲသုံးပြီး ပြည်မြို့နယ်အတွင်းရှိ တောင်သူလယ်သမားများကို လယ်တစ်ဧကလျှင် ကျပ်ခုနစ်သိန်း ထုတ်ချေးမည်ဟုဆို ကာ လျှောက်လွှာများ ရောင်းချ၍ လိမ်လည်မှုများ ရှိနေကြောင်း ပြည်မြို့နယ် ဒီချုပ် သတင်းနှင့်ပြန်ကြားရေး ဒုတိယတာဝန်ခံ ဦးကျော်လွင်က ပြောသည်။
အဖွဲ့အစည်းတစ်ခုက လိမ် လည်နေခြင်းဖြစ်ပြီး အဆိုပါ ကျပ်ခုနစ်သိန်း ထုတ်ချေးမည်ဆိုကာ လျှောက်လွှာတစ်စောင်လျှင် ကျပ်၂,၀၀၀ တောင်းခံ၍ လိုက်လံလိမ်လည်နေကြောင်း ဦးကျော် လွင်က ပြောကြားသည်။
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း အနေဖြင့် လယ်တစ်ဧကလျှင် ကျပ်ခုနစ်သိန်းထုတ်ချေးနေသည် မှာ မဟုတ်ကြောင်း ပဲခူးတိုင်းဒေ သကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သတင်းနှင့်ပြန်ကြားရေး ကော်မတီဝင် ဦးကြည်ဇော်က သြဂုတ် ၁၆ ရက်တွင် ၎င်း၏ လူမှု ကွန်ရက်စာမျက်နှာ၌ အသိပေး ထုတ်ပြန်ထားသည်။
‘‘ပြည်မြို့နယ်ထဲက ကျေး ရွာတချို့မှာ အလိမ်ခံရတဲ့ လယ် သမားတွေရှိတယ်။ တချို့လည်း အချိန်မီ အကြောင်းကြားနိုင်ခဲ့ တယ်။ တချို့ဆိုရင် ချေးငွေရဖို့ ကြိုတင်သွင်းငွေ တစ်သောင်းခွဲ ပေးသွင်းတာမျိုးအထိ ရှိခဲ့တယ်။ နောက်ပိုင်းမှာ ဒီလိုမျိုး အလိမ်မခံရဖို့ သတင်းထုတ်ပြန်တာပါ’’ဟု ဦးကျော်လွင်က ပြောသည်။
ဇူလိုင်အတွင်း ချေးငွေများ ရရှိမည်ဟု ပြောဆို၍ ပြီးခဲ့သည့်မတ်လအတွင်းက တောင်သူ လယ်သမားများထံ လျှောက်လွှာများ လိမ်လည်ရောင်းချထားခြင်း ဖြစ်သည်။
ထို့အပြင် ယခုလအ တွင်း၌လည်း ထိုသို့ပြောဆိုပြီး လျှောက်လွှာများ လိမ်လည်ရောင်းချမှုများ ဖြစ်နေ၍ တောင်သူလယ်သမားများ သိရှိစေရန် သတင်းထုတ်ပြန်ခြင်းဖြစ် ကြောင်း ဦးကျော်လွင်က ပြော သည်။
7Day






0 comments:
Post a Comment