
စီအင်န်အင်န် သတင်းဌာနရဲ့ စစ်တမ်းကောက်ယူမှုအသစ်အရ အမေရိကန်နိုင်ငံသား ၆၅ ရာခိုင်နှုန်းဟာ လက်ရှိ စီးပွား ရေး အနေအထားကို ကောင်းမွန်တယ်လို့ ယူဆကြကြောင်း ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီပမာဏဟာ ပြီးခဲ့တဲ့ မေလ ကနဲ့ ယှဉ်ရင် ၅ ရာခိုင်နှုန်း ကျဆင်းသွားတာလို့ စီအင်န်အင်န်ကဆိုပါတယ်။
စစ်တမ်းအရ အမေရိကန် ၅၀ ရာခိုင်နှုန်းက လက်ရှိ စီးပွားရေးအနေအထားကောင်းပြီး တစ်နှစ်အတွင်း ဆက်ကောင်းနေဦး မယ်လို့ ယုံကြည်ထားပါတယ်။ ၂၆ ရာခိုင်နှုန်းက လက်ရှိအချိန်မှာ ဆင်းရဲနေသလိုပဲ တစ်နှစ်အတွင်းမှာလည်း ဆက်ပြီး ဆင်းရဲနေ ဦးမည်လို့ ဆိုပါတယ်။ ၁၃ ရာခိုင်နှုန်းက လက်ရှိအနေအထားမှာ စီးပွားရေး ကောင်းနေပြီး တစ်နှစ်အတွင်း ဆင်းရဲသွားနိုင်တယ်လို့ ယူဆသလို ၆ ရာခိုင်နှုန်းက လက်ရှိအချိန်မှာ ဆင်းရဲနေပေမယ့် တစ်နှစ်အတွင်း စီးပွားရေး ကောင်းလာမည်လို့ မျှော်လင့်ထားကြပါတယ်။
သမ္မတထရမ့်ရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်လို့တော့ ၄၀ ရာခိုင်နှုန်းက ထောက်ခံအားပေးကြပြီး ၅၄ ရာခိုင်နှုန်းက အား မပေးကြပါဘူး။ ထောက်ခံမှု ၄၀ ရာခိုင်နှုန်းဆိုတာဟာလည်း ဇွန်လကစစ်တမ်းနဲ့ ယှဉ်လျှင် ၃ ရာခိုင်နှုန်းကျဆင်းသွား တာလို့ဆိုပါတယ်။
Source: CNN
0 comments:
Post a Comment