Thursday, August 8, 2019

ဘင်္ဂလားဒေ့ရှ်မှာ တုတ်ကွေး ကူးစက်နေ

Image may contain: 3 people, outdoor
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တုတ်ကွေးရောဂါပျံ့နှံ့လာနေပြီး၊ သေဆုံးတဲ့အရေအတွက်လည်း တိုးပွားလာနေပါတယ်။

တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ တနင်္လာနေ့ကစလို့ တုတ်ကွေးနဲ့ ဆေးရုံတင်ထားရသူပေါင်း သုံးသောင်း လောက်ရှိပြီး၊ ဒါကာမြို့မှာ သေဆုံးသူ ၂၃ ဦးရှိသွားပြီလို့ AFP သတင်းက ဖေါ်ပြပါတယ်။
ဆေးရုံတွေမှာ တုတ်ကွေးလူနာတွေ အများအပြား တက်ရောက်လာနေပြီး၊ ကုတင်နေရာမလောက်ဘဲဖြစ်နေတယ်လို့ ဆိုပါတယ်။
ဒါ့ပြင် အစ်နေ့ နီးလာတဲ့အတွက် ဒါကာမြို့လူတွေ နယ်ဘက်တွေပြန်ကြတဲ့အခါ ရောဂါကူးစက်မှု ပိုမိုပျံ့ပွားသွားမှာ စိုးရိမ်နေကြပါတယ်။
တုတ်ကွေးအတွက် ကာကွယ်ဆေးမရှိသလို၊ ကုသဆေးလည်းမရှိပါဘူး။ သွေးလွန်တုတ်ကွေးအဆင့်ရောက်သွားရင် သေဆုံးနိုင်ပါတယ်။
Photo: MUNIR UZ ZAMAN / AFP
RFA

0 comments:

Post a Comment