
စစ်တပ်အာဏာသိမ်းမှုကြောင့် နိုင်ငံကနေထွက်ပြေးခဲ့ရတဲ့ ပြည်ပရောက် ထိုင်းအမျိုးသမီး ၀န်ကြီးချုပ်ဟောင်း ယင်လပ် ရှင်နာဝပ်ထရာ ဟာ ဆာဘီးယားနိုင်ငံသူအဖြစ် ခံယူလိုက်ပြီလို့ ဆာဘီယားနိုင်ငံပိုင်သတင်းစာက ကြာသပတေးနေ့က ဖေါ်ပြပါတယ်။
ဆာဘီးယားရဲ့ အကျိုးစီးပွားအတွက် နိုင်ငံသူအဖြစ် အစိုးရက ခွင့်ပြုလိုက်တာလို့ ဆိုပါတယ်။
အဲဒါကြောင့် ယင်လပ် ဟာ ဆာဘီးယားနိုင်ငံကူးလက်မှတ်နဲ့ ဥရောပနိုင်ငံ အများစု အပါအ၀င် နိုင်ငံပေါင်း တရာကျော်ကို ဗီဇာမလိုဘဲ သွားရောက်နိုင်မှာဖြစ်ပါတယ်။
ယင်လပ်ဟာ ၂၀၁၇ ခုနှစ် က သူ့အပေါ် လာဘ်စားမှုနဲ့ စွပ်စွဲပြီးထောင်ဒဏ်ငါးနှစ် ချမှတ်မခံရခင် ထိုင်းကနေ ထွက်ပြေးခဲ့ရတာဖြစ်ပါတယ်။ သူ့ရဲ့အကိုဖြစ်သူ ၀န်ကြီးချုပ်ဟောင်း သက်ဆင် ဟာလည်း ၂၀၀၆ ခုနှစ်မှာ ပြည်ပြေးဖြစ်ခဲ့ပြီး၊ ဘောလကန်နိုင်ငံတခုဖြစ်တဲ့ မွန်တီနီဂရိုမှာ ၂၀၀၉ ခုနှစ်က နိုင်ငံသားခံယူခဲ့ပါတယ်။
Photo: ISAAC LAWRENCE / AFP
RFA






0 comments:
Post a Comment