ယနေ့နံနက်ပိုင်းက ဂုတ်တွင်းတံတား မိုင်းခွဲဖျက်ဆီးခံရသည့်အပြင် ဂုတ်တွင်းလုံခြုံရေး ရဲကင်းစခန်းကိုလည်း ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တပ်ဖွဲ့ဝင်ငါးဦးခန့် ကျဆုံးမှုရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
ထို့ပြင်နောင်ချိုမြို့ရှိ Oriential Highway တိုးဂိတ်ကိုလည်း လက်နက်ကိုင်များက သုံးနာရီနီးပါးကြာ ဝင်ရောက်စီးနင်းခဲ့ပြီး ဝန်ထမ်းအချို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် ပြန်လည်လွှတ်ပေးခဲ့ကြောင်း ယင်းကုမ္ပဏီတာဝန်ရှိသူများထံမှ သိရသည်။
လက်ရှိအချိန်အထိ ဂုတ်တွင်းလမ်းပိုင်းကို လက်နက်ကိုင်များက ထိန်းချုပ်ထားလျက်ရှိပြီး တပ်မတော်ကလည်း လိုက်လံရှင်းလင်းလျက်ရှိနေသည်။
ယင်းအခြေအနေကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ဂုတ်တွင်းလမ်းတွင် ဆက်သွယ်သွားလာရေးပြတ်တောက်လျက်ရှိပြီး လားရှိုးမှထွက်သည့် မော်တော်ယာဉ်များမှာ သီပေါနှင့် ဘောကြိုအကြားရပ်တန့်စောင့်ဆိုင်းနေရပြီး မန္တလေး-ပြင်ဦးလွင်ဘက်မှ လာရောက်သည့်မော်တော်ယာဉ်များမှာ ပြင်ဦးလွင်အကျော် ဘန့်ဘွေးကျေးရွာတွင် ရပ်တန့်ပြီး နောက်ကြောင်းပြန်လှည့်မှုများရှိနေသည်။


The Voice






0 comments:
Post a Comment