ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်၊ နက္ခတာရာပြခန်းအနီး၌တည်ဆောက်ထားသည့် ထိန်းချုပ်စင်တာကို နည်းပညာပိုင်းပြန်လည်စစ်ဆေးနေသဖြင့် အသုံးပြုမှုကြန့်ကြာနေရခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ဇူလိုင်လ ၃ ရက်ကကျင်းပသည့် သတင်းအချက်အလက် ထုတ်ပြန်သောအခမ်းအနားတွင် ပြောခဲ့ခြင်းဖြစ်သည်။
“ ထိန်းချုပ်စင်တာနဲ့ ပတ်သက်ပြီး Third Party QC နဲ့ ပတ်သက်ပြီးဆောင်ရွက်နေပါတယ်။ ပြီးတော့ သူ့ရဲ့အောက်မှာ Yangon Bus Operator ရှိတယ်။ နည်းပညာပိုင်းဆိုင်ရာအငြင်းပွားမှုလေးတွေ နည်းနည်း ရှိနေတယ်။ နောက်ဆုံးပေးချေရမယ့်ငွေတွေကြောင့် ကျွန်တော်တို့ ဆွေးနွေးညှိနှိုင်းမှုတွေလုပ်နေတယ်။ ၆ လ တစ်ကြိမ် နည်းပညာကပြောင်းလဲနေတယ်။ သူတို့အခုသုံးနေတဲ့နည်းပညာက တော်တော်လေးကြာနေပြီ။ ဒါတွေကိုပြန်ပြီးစိစစ်နေရလို့ ကြန့်ကြာနေတာပါ”ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။
အဆိုပါ ထိန်းချုပ်စင်တာသည် လုပ်ငန်းဆောင်ရွက်မှုအားနည်းနေသော်လည်း လုံခြုံရေးအတွက် အချက်အလက်အချို့ကို ရယူနိုင်ကြောင်း သိရသည်။
ထိန်းချုပ်စင်တာမှတစ်ဆင့် ဒုစရိုက်မှုများစွာဖော်ထုတ်နိုင်ပြီး ၂၀၁၈ ခုနှစ်အတွင်း၌ ဖြစ်ပွားခဲ့သည့် FDA အမှုတွင်လည်း ယင်းမှတစ်ဆင့်ဖော်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စုသက်နှင်း ( အကုန်သိ သတင်းဌာန )






0 comments:
Post a Comment