Sunday, August 4, 2019

ပါဝါမရှိသောအစိုးရကို အိမ်တွင်းနတ်အဖြစ်တင်မိရာမှ မိစ္ဆာများ၏ပြုစားခံနေရပြီဖြစ်ကြောင်း ဦးလှဆွေပြော

ပါဝါမရှိသောအစိုးရကို အိမ်တွင်းနတ်အဖြစ်တင်မိရာမှ မိစ္ဆာများ၏ပြုစားခံနေရပြီဖြစ်ကြောင်း ဦးလှဆွေပြော
လက်ရှိအစိုးရကို အိမ်တွင်းနတ်ထင်ပြီးတင်လိုက်မိရာမှ မိစ္ဆာများ၏ပြုစားခြင်းကိုခံနေရကြောင်း အမတ်ဟောင်း ဦးလှဆွေက ပြောသည်။
ရန်ကုန်မြို့တော်ခန်းမရှေ့တွင် သြဂုတ် လ ၃ ရက်ကကျင်းပခဲ့သည့် အမေရိကန်နိုင်ငံက မြန်မာ့တပ်မတော် ထိပ်တန်းအရာရှိများအားအရေးယူမှုများကို ကန့်ကွက်သည့်ပွဲတွင် ယင်းကဲ့သို့ပြောခြင်းဖြစ်သည်။
 “အိမ်တွေမှာ ခင်ဗျားတို့နတ်အုန်းလေးတွေဆွဲကြတယ်။ တချို့လည်းဆွဲတယ်၊ တချို့လည်းမဆွဲဘူးပေါ့ဗျာ။ အိမ်တွင်းနတ်ပူဇော်ကြတာပေါ့။ အုန်းသီးလေးတစ်လုံးနဲ့။ အနီလေးအဖြူလေးနဲ့ပေါ့။ မနက်ဆို တံခါးလေး ဖွင့်လိုက်၊ ညဆိုပိတ်။ အိမ်တွင်းအုန်းလေးတွေ မထိုးကြဘူးလား။ အိမ်တွင်းနတ်ကသာတန်ခိုးရှိရင် အဲဒီအိမ်ကို ဘယ်မိစ္ဆာကလာပြီးတော့ပြုစားနိုင်မှာလဲ။ အိမ်တွင်းနတ်ကတန်ဖိုးမရှိဘူးဖြစ်နေတယ်။ အိမ်တွင်းနတ်ကြီးဆိုပြီး အိမ်ဦးကိုတင်လိုက်တဲ့အချိန်မှာ အိမ်တွင်းနတ်ကြီးကပါဝါမရှိတော့ မိစ္ဆာတွေက ပြုစားခံနေရပြီလို့ အမေရိကန်ကြီးကိုပြောတယ်” ဟု အမတ်ဟောင်းဦးလှဆွေက ပြောသည်။
အဆိုပါဆန္ဒထုတ်ဖော်ပွဲတွင် လူအင်းအားထောင်ချီပါဝင်ကာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အလိုက် လိုက်ပါဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။
ယင်းဆန္ဒထုတ်ဖော်ပွဲကို ဗဟန်း(၃)လမ်းမှတ်တိုင်မှ မြို့တော်ခန်းမရှေ့အထိလမ်းလျှောက်ချီတက်ခဲ့ပြီး အမတ်ဟောင်းဦးလှဆွေ၊ စာရေးဆရာအမတ်ဒိန်တို့၏ဟောပြောမှုများဖြင့် ရန်ကုန်မြို့တော်ခန်းမရှေ့တွင် အဆုံးသတ်ခဲ့ကြသည်။

နိုင်မင်းလွင်( အကုန်သိ သတင်းဌာန )

0 comments:

Post a Comment