Wednesday, August 14, 2019

လျှပ်စစ်နှင့် စွမ်းအင်ပြည်ထောင်စုဝန်ကြီးကို အဂတိက ဆက်လက်စစ်ဆေးနေဆဲဟုဆို

လျှပ်စစ်နှင့် စွမ်းအင် ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ကို အဂတိက စစ်ဆေးနေမှုလုပ် ငန်းစဉ်မပြီးသေးကြောင်း ကော်မရှင်ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြား ရေးမှူး ဦးကျော်စိုးက ယမန်နေ့ တွင် ပြောသည်။

‘‘လောလောဆယ် မပြီးသေး ဘူး။ ဆက်သွားနေတယ်’’ ဟု ၎င်းက ပြောသည်။
လျှပ်စစ်နှင့်စွမ်းအင် ပြည် ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးအချို့ကို အဂတိက ဇူလိုင်ဒုတိယပတ်က စ၍စစ်ဆေးခြင်းဖြစ်သည်ဟု ဦးကျော် စိုးကဆိုသည်။
အဂတိကော်မရှင်၏ ညွှန်ကြားစာများအရ ဇူလိုင် ၉ ရက်ကဗဟိုဘဏ်သို့ ပြည်ထောင်စုဝန် ကြီး ဦးဝင်းခိုင်နှင့် ဇနီး၊ ဒုတိယ၀န်ကြီး ဦးထွန်းနိုင်နှင့် ဇနီး၏ ငွေစာရင်းများကို စစ်ဆေးပေးရန် အကြောင်းကြားခဲ့သည်။
‘‘၂၀၁၈ က နေပြည်တော်မှာ ခေါ်ခဲ့တဲ့ အလိုအလျောက် မီတာဖတ်တဲ့စနစ် (AMR) စနစ်ပြောင်းတဲ့ တင်ဒါမှာ လိုက်စစ်ကြည့်တော့ တင်ဒါခေါ်တဲ့ စက် ပစ္စည်းနဲ့ သုံးတဲ့ပစ္စည်းက မတူဘူး။ အရည်အသွေးနိမ့်နေတယ်။ အဲဒါကြောင့် သက်ဆိုင်ရာ အင်ဂျင်နီယာတွေနဲ့ ၀န်ကြီးတွေကို တင်ပြခဲ့တယ်။ ဒါပေမဲ့ ဖုံးလို့ ပြည်သူ့လွှတ်တော်ကို တင်ပြတယ်။  အဲဒီကနေတစ်ဆင့် ကော်မရှင်ကို ရောက်သွားတယ်’’ ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အထက်ပါ တာဝန်ရှိသူများကို အဂတိလိုက် စားမှုဖြင့် စစ်ဆေးပေးရန် တိုင် ကြားသူက ပြောသည်။
စစ်ဆေးခံနေရသော ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ဆေးခွင့် တစ်လကျော်ကြာ ယူခဲ့ပြီးနောက် သြဂုတ် ၆ ရက်တွင် ဌာနတွင်း အစည်းအဝေးသို့ တက် ရောက်ခဲ့ကြောင်း ဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်၌ တွေ့ရသည်။ အဆိုပါ အစည်းအဝေးတွင် လုပ်ငန်းများ ဆောင်ရွက်ရာ၌ နိုင်ငံတော်အစိုးရ ထုတ်ပြန်ထားသည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ အဆင့်လိုက်တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် စနစ်တကျ ဆောင်ရွက်ရန် လိုသည်ဟု ၀န်ကြီးဦးဝင်း ခိုင်ကပြောကြောင်း ဖော်ပြထား သည်။
 ပြည်ထောင်စုဝန်ကြီး ဦးဝင်း ခိုင်ထံ 7Day Daily သတင်းစာက ယမန်နေ့က ဆက်သွယ်ရန် ကြိုး ပမ်းခဲ့သော်လည်း ဆက်သွယ်မရ ခဲ့ပေ။
7Day

0 comments:

Post a Comment