Thursday, August 15, 2019

သထုံတွင် ချောင်းကိုဖြတ်၍ သွယ်တန်းထားသော ဓာတ်ငွေ့ ပိုက်လိုင်းပေါက်ထွက်မှုဖြစ်ပွား


သြဂုတ်လ ၁၅ ရက်နေ့  နံက် ၄း၃၀ ချိန်ခန့်တွင် သထုံမြို့ နယ် ပေါ်တော်မူကျေးရွာအုပ်စု ကျောက်လုံးကြီးကျေးရွာ အနောက်ဘက် ကွင်းအမှတ် ၆၅၂/ ခ. ကျောက်လုံးကြီးကျေးရွာ မှ ဇိုက္ကရဲကျေးရွာသို့ သွားသည့် အနက် ၂၀ ပေ အကျယ် ၁၅၀ ပေခန့်ရှိ ချောင်အား ကန့်လန့်ဖြတ်သွယ်တန်းထားသော ဓာတ်ငွေ့ ပိုက်လိုင်းမှာ ရေအောက် ၅ ပေခန့် ၌ ပိုက်လိုင်း ပေါက်မှုဖြစ်ခဲ့ကြောင်း သိရသည်။

အဆိုပါပိုက်လိုင်း ပေါက်ထွက်ရာမှ ဓာတ်ငွေ့နှင့် ရေများ အပေါ်သို့  အမြင့်ပေ ၃၀ ခန့် ပန်းထွက်လျက်ရှိကြောင်း၊ ယင်းဖြစ်စဉ်အား ဒေသခံဦးထွန်းစိုးမှ ဒေသတာဝန်ရှိသူများအား ယနေ့နံက် ၆ နာရီခန့်တွင် သတင်းပေးပို့ခဲ့သည့်အတွက် သထုံမြို့မှရဲစခန်းမှ ဒုရဲအုပ်သီဟအောင်နှင့် တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးလျက်ရှိပြီး သက်ဆိုင်ရာဌာနသို့လည်း သတင်းပေးပို့ထားကြောင်း သိရသည်။


0 comments:

Post a Comment