
လူစုဝေးခြင်း၊ ငိုကြွေးခြင်းနဲ့ ဆုတောင်းခြင်းတွေပြုလုပ်ပြီး ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေတဲ့ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား)ဒုက္ခသည်ထောင်ချီက တနင်္ဂနွေနေ့မှာ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
၂၀၁၇ ခုနှစ်၊ သြဂုတ် ၂၅ မှာ ရခိုင်ပြည်နယ်က နယ်စပ်စခန်းတွေကို ARSAအကြမ်းဖက်အဖွဲ့က၀င်တိုက်ခဲ့လို့ တပ်မတော်က နယ်မြေရှင်းလင်းရေးစစ်ဆင်ရေးတွေလုပ်ခဲ့လို့ ဘင်္ဂါလီ ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ရွှေ့ပြောင်းခဲ့တာ ဒီနေ့မှာ နှစ်နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ အခုလိုဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။
သူတို့မြန်မာနိုင်ငံဘက်ကို ပြန်မလာခင်မှာ နိုင်ငံသားဖြစ်ခွင့်နဲ့တခြားအခွင့်အရေးတွေပေးဖို့ မြန်မာအစိုးရကိုတောင်းဆိုနေကြတာပါ။
ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား)မွတ်ဆလင်အယောက် ၃၄၅၀ ကို ကုလသမဂ္ဂဒုက္ခသည်အေဂျင်စီအကူအညီနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရက နေရပ်ပြန်ပို့ဖို့ကြိုးစားခဲ့ပြီး ရက်ပိုင်းအကြာမှာ ဘင်္ဂါလီ ၃၀၀၀၀ လောက် လူစုဝေးဆန္ဒထုတ်ဖော်ခဲ့တာပါ။
၃၄၅၀ လုံးက စိတ်သဘောအတိုင်း မြန်မာနိုင်ငံဘက်ကို ပြန်မလာလိုဘဲ မြန်မာနိုင်ငံမှာ သူတို့ရဲ့ဘေးကင်းလုံခြုံမှုအတွက် ကြောက်ရပြီး ယုံကြည်မှုမရှိဘူးလို့လည်းပြောကြပါတယ်။
နေရပ်ပြန်ကြဖို့ ယုံကြည်မှုလိုအပ်တယ်လို့ UNHCRက ကြာသပတေးနေ့မှာပြောပါတယ်။
နေရပ်ပြန်ရေးလုပ်ငန်းစဉ်တွေ သြဂုတ် ၂၂ ရက်မှာ ဒုတိယအကြိမ်စတင်ဖို့ မြန်မာဘက်ကစီစဉ်ထားပေမဲ့ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာကကြိုးစားခဲ့တဲ့ပထမအကြိမ်လိုပဲ အခုတစ်ကြိမ်လည်း မအောင်မြင်ခဲ့ပါဘူး။
ကုတုပလောင်မှာ တနင်္ဂနွေနေ့မှာလူစုဝေးခဲ့ချိန်မှာ “ဘယ်တော့မှပြန်မဖြစ်ပါစေနဲ့၊ ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်ခံရမှုအောက်မေ့ဖွယ်နေ့”နဲ့ “နိုင်ငံသားဖြစ်ခွင့်ပြန်ပေး”စတဲ့အဓိပ္ပာယ်ရတဲ့ ပိုစတာတွေနဲ့ နဖူးစည်းတွေကိုင်ဆောင်ဝတ်ဆင်ထားကြပါတယ်။
ဆုတောင်းချိန်ရောက်တော့ လက်တွေမြှောက်ခဲ့ကြသလို အများစုကတော့ အော်ဟစ်ငိုကြွေးခဲ့ကြပါတယ်။
မြန်မာစစ်သားတွေနဲ့ ဗုဒ္ဓဘာသာဝင်စစ်သွေးကြွတွေရဲ့သတ်ဖြတ်မှုတွေ၊ အဓမ္မမှုတွေနဲ့ မီးရှို့မှုတွေဒဏ်ခံခဲ့ရသူတွေအတွက် ဆုတောင်းခဲ့ကြတယ်လို့ APသတင်းအေဂျင်စီက ဖော်ပြပါတယ်။
ငြိမ်းချမ်းစွာဆန္ဒပြကြမယ်လို့ ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား)ကတိပြုထားပေမဲ့ စခန်းတွေမှာတော့ လုံခြုံရေးတင်းကြပ်ထားပါတယ်။
“ကမ္ဘာကြီးကိုပြောပြချင်တာကတော့ ကျွန်တော်တို့အခွင့်အရေးတွေပြန်လိုချင်တယ်။ နိုင်ငံသားဖြစ်ခွင့်လိုချင်တယ်။ အိမ်တွေ၊ မြေတွေပြန်လိုချင်တယ်။ မြန်မာက ကျွန်တော်တို့နိုင်ငံ။ ကျွန်တော်တို့ကရိုဟင်ဂျာတွေ။”လို့ ဆန္ဒပြပွဲစီစဉ်သူတွေထဲမှာပါတဲ့မူဟစ် အူလာကပြောပါတယ်။
မြန်မာနိုင်ငံဘက်ကတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေမရှိဘူးလို့ ငြင်းဆိုထားပါတယ်။
၂၀၁၇ ခုနှစ်က မြန်မာတပ်ဖွဲ့တွေရဲ့ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား)အမျိုးသမီးကြီး၊ ငယ်တွေကို လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေရှိခဲ့တာဟာ အဓိကအားဖြင့်မွတ်ဆလင်လူနည်းစုမျိုးနွယ်စုတွေကို လူမျိုးတုန်းသတ်ဖြတ်ဖို့ရည်ရွယ်ချက်ရှိခဲ့တယ်ဆိုတာဖော်ပြနေတယ်လို့ ကုလသမဂ္ဂစုံစမ်းရေးမှူးတွေက ကြာသပတေးနေ့ကထုတ်ပြန်တဲ့အစီရင်ခံစာမှာ ကောက်ချက်ချထားပါတယ်။
Source-AP
Photo- Roger Arnold/ UNHCR






0 comments:
Post a Comment