အစ္စရေး ဒရုန်းယာဉ် ၂ စီး လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့က ဟဇ်ဘိုလာတွေ ကြီးစိုးရာ တောင်ပိုင်းရပ်ကွက်ထဲကို သြဂုတ် ၂၅ ရက်က ပြုတ်ကျခဲ့ပြီး ၁ စီး ပေါက်ကွဲခဲ့တယ်လို့ လက်ဘနွန် စစ်တပ်နဲ့ ဟဇ်ဘိုလာတွေက ပြောပါတယ်။
ဒါဟာ ဆယ်စုနှစ်တခုကျော်အတွင်း ပထမဆုံး ဖြစ်ရပ်ပါ။ အစ္စရေး စစ်တပ်က မှတ်ချက် တစုံတရာ မပြောသေးပါဘူး။
မြို့တော်ဘေရွတ်ရဲ့ ဒါဟီယာ ရပ်ကွက်က ဟဇ်ဘိုလာတွေရဲ့ မီဒီယာဌာနနားမှာ အရုဏ်မတက်ခင် ဒရုန်းယာဉ် ပျက်ကျလို့ အပျက်အစီးတချို့ ရှိခဲ့ပါတယ်။
ဟဇ်ဘိုလာ ခေါင်းဆောင် ဆေးယတ် ဟတ်ဆန် နတ်စ်ရာလာက တနင်္ဂနွေနှောင်းပိုင်းမှာ ရုပ်သံမိန့်ခွန်းပြောဖို့ စီစဉ်ထားပါတယ်။
မီးစလောင်တဲ့ လမ်းတွေကို စစ်တပ်က ပိတ်ထားခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။
ဒုတိယ ဒရုန်းယာဉ်မှာ အကြီးအကျယ် ပျက်စီးစေနိုင်တဲ့ ဖောက်ခွဲရေးပစ္စည်းတွေ တပ်ထားတယ်လို့ ဟဇ်ဘိုလာ ပြောခွင့်ရက လက်ဘနွန် အစိုးရသတင်းဌာန NNA ကို ပြောပါတယ်။
ပထမ ဒရုန်းယာဉ်ကို ဟဇ်ဘိုလာတွေက စစ်ဆေးနေဆဲပါ။
အစ္စရေးနိုင်ငံထဲမှာ ဒရုမ်းယာဉ်တွေ လွှတ်ပစ်ခတ်ဖို့ စီစဉ်နေတဲ့ အီရန် စစ်တပ်နဲ့ ရှီးယိုက် ပြည်သူ့စစ်တွေကို ဆီးရီးယားမြို့တော် ဒမတ်စကတ်နားမှာ အစ္စရေး လေယာဉ်တွေက ပစ်ခတ်ခဲ့တယ်လို့ အစ္စရေး စစ်တပ်က ပြောအပြီး နာရီပိုင်းအကြာမှာ ခုလို ပျက်ကျတာပါ။
DVB






0 comments:
Post a Comment