Wednesday, August 21, 2019

မဲဆောက်ဆန်လှူပွဲတွင် မြန်မာရွှေ့ပြောင်းလုပ်သား ၁၀၀၀၀ ကျော်သွားရောက် အလှူခံ

68588059_1816656511813053_3416518171820032000_n
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တရုတ်ကုန်သည်ကြီးတွေရဲ့ဆန်လှူပွဲကို မြန်မာရွှေ့ပြောင်း အလုပ်သမား ၁၀၀၀၀ ကျော် သွားရောက် အလှူခံခဲ့ကြပါတယ်။

ဒီဆန်လှူပွဲကြီးကို ထိုင်း-မြန်မာနယ်စပ်ရှိ မဲဆောက်မြို့မှာ နှစ်စဉ်ပြုလုပ်နေကျ ဖြစ်ပြီး အခုကတော့ အကြိမ် (၅၀) ကြိမ်မြောက် ဖြစ်ပါတယ်။
မဲဆောက်တရုတ်ဘုံကျောင်းဥက္ကဋ္ဌ    နိုင်းစုချ တရီးလဝထနားက “ကျနော်တို့ ကုန်သည်ကြီးတွေ တရုတ်ဘုံကျောင်းအလှူပွဲကို စုပေါင်း ပြုလုပ်ကြပါတယ်။ ဆန်၊ ခေါက်ဆွဲစတဲ့ အစာခြောက်တွေ၊  ပိုက်ဆံတွေ ပေးတယ်”လို့ ထိုင်းဘာသာနဲ့ ပြောပါတယ်။
လူတဦးစီကို ကျပ်ငွေ ၇၅၀၀ နဲ့ညီမျှတဲ့ ထိုင်းဘတ် ၁၅၀ စီ၊ ခေါက်ဆွဲခြောက် ၅ ထုတ်၊ ဆား ၁ ထုတ်၊ ငါးသေတ္တာ ၄ ဘူးနဲ့ ဆန် ၅ ကီလိုစီ ပေးလှူတာဖြစ်ပါတယ်။
မဲဆောက်မြို့အထွေထွေအုပ်ချုပ်ရေးမှူး နိုင်းချိုင်းယဖုချင်းထမ်းရက “ထိုင်းဖြစ်ဖြစ် ဗမာဖြစ်ဖြစ် လာအလှူခံသူတိုင်း လူမျိုးဘာသာမရွေးဘဲ အားလုံးကိုလှူပေးပါတယ်”လို့ ပြောပါတယ်။
လာရောက် အလှူခံသူတွေထဲမှာ မဲဆောက်ရောက် မြန်မာတွေအပြင် မြဝတီဘက်ကမ်းက လာရောက် အလှူခံသူတွေလည်း ပါဝင်ခဲ့ပါတယ်။ 
68719553_1816656141813090_5571112679344439296_n
68732432_1816656825146355_7040876317968957440_n
68876290_1816656211813083_5542043855353806848_n
69160434_1816656365146401_4334095586232893440_n
69264365_1816656331813071_8285709680328572928_n
69511000_1816656258479745_4293143652886118400_n
ဓာတ်ပုံ- ကရင်အမျိုးသားမီဒီယာ
DVB

0 comments:

Post a Comment