Monday, August 5, 2019

ဘန်ကောက်ဗုံးပေါက်ကွဲမှုတွင် စုစုပေါင်း လူ ၁၀ ဦးခန့် ပါဝင်ပတ်သက်သည်ဟုဆို

ထိုင်းနိုင်ငံ ဘန်ကောက်မှာ ပြီးခဲ့တဲ့ သောကြာနေ့က ရဲနဲ့ စစ်တပ်ဌာန အပါအဝင် တခြား အထင်ကရ နေရာတွေမှာ အသေးစား ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် တာဝန်ရှိသူတွေက လုံခြုံရေး တိုးမြှင့်ချထားပြီး ကျူးလွန်သူလို့ ယူဆရသူတွေကိုလည်း လိုက်လံဖမ်းဆီ းစစ်ဆေးနေပါတယ်။

ထိုင်းအမျိုးသားရဲဌာနချုပ်ရှေ့မှာ ဗုံးအတုထားခဲ့လို့ ချွန်းဖွန်းခရိုင်မှာ ဖမ်းမိခဲ့တဲ့လူ ၂ ဦးကလည်း သူတို့အပြစ်ကို ဝန်ခံထားပါတယ်။
အဲဒီ ၂ ဦးမှာ လူအိုင်းဆဲငယ် (၂၄ နှစ်) နဲ့ ဝင်းတန်းမာဟာ (၂၉ နှစ်) တို့ဖြစ်ပြီး နရာသီဝပ်ခရိုင်က ဖြစ်ကြောင်း၊ ဒီမတိုင်ခင် သူတို့လူတယောက်ကို အမှတ် ၄ စစ်တိုင်းဒေသက ဖမ်းဆီးစစ်ဆေးရင်း သေဆုံးခဲ့ရတဲ့အပေါ် မကျေနပ်လို့ လက်စားချေတဲ့အနေနဲ့ လုပ်ရတာဖြစ်ကြောင်း ထိုင်းအမျိုးသား လုံခြုံရေးဌာန တာဝန်ရှိသူတွေရဲ့ အပြောကို ကိုးကားပြီး ချန်နယ်လ် ၃ ထိုင်းတီဗွီသတင်းမှာ ဖော်ပြပါတယ်။
ဖမ်းဆီးရမိသူ ၂ ဦးရဲ့ ဖြောင့်ချက်တွေထဲမှာ ဗုံးပေါက်ကွဲမှု ကွင်းဆက်တွေ ရရှိခဲ့ကြောင်း၊ သူတို့အဖွဲ့ထဲမှာ နောက်ထပ် ပါဝင်ပတ်သက်သူ ၈ ဦးရှိပြီး အားလုံးဟာ ထိုင်းတောင်ပိုင်း ၃ ခရိုင်ကဖြစ်တယ်လို့ ထိုင်းအမျိုးသားလုံခြုံရေးဌာနက ခန့်မှန်းပြောဆိုပါတယ်။
ထိုင်းအထူးစုံစမ်းစစ်ဆေးရေး ရဲတပ်ဖွဲ့ကလည်း ဘန်ကောက် ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး စီစီတီဗွီ ကင်မရာတွေကို လိုက်လံစစ်ဆေးရာမှာ ကျူးလွန်သူလို့ ယူဆရတဲ့ လူ ၄ ဦးရဲ့ပုံတွေ တွေ့ရှိကြောင်း၊ သူတို့ဟာ ပထမဖမ်းမိထားတဲ့ ၂ ယောက်လိုပဲ မော်ချစ် အဝေးပြေးကားဂိတ်ကနေ ထိုင်းတောင်ပိုင်းဘက်ကို ထွက်သွားတယ်လို့ ဆိုပါတယ်။
သြဂုတ် ၂ ရက်နေ့က ဆွန်လုံနယ်မြေ ဖရလမ်းကောက် ၅၇/၁ လမ်းမှာ ပေါက်ကွဲမှုဖြစ်ပြီး သန့်ရှင်းရေး အလုပ်သမ ၂ ဦး ဒဏ်ရာရတာနဲ့ ပတ်သက်လို့ ၃ ရက်နေ့မှာ တာဝန်ရှိသူတွေက အသက် ၁၉ နှစ်၊ ၁၇ နှစ်နဲ့ ၁၅ နှစ်အရွယ် လူငယ် ၃ ဦးကို ဖမ်းဆီးခဲ့ပါတယ်။
သူတို့လက်ထဲမှာ လက်လုပ်ဗုံး ၁ လုံး၊ ဖောင်တိန်သေနတ် ၁ လက်၊ ၃၈ မမ ကျည်ဆန် ၁ တောင့်နဲ့ ဓား ၂ လက် တွေ့ရှိပေမယ့် အဲဒီလူငယ် ၃ ဦးဟာ တောင်ပိုင်းအဖွဲ့နဲ့ သက်ဆိုင်မှုမရှိဘဲ လူငယ်ချင်း ရန်ဖြစ်တာကြောင့် မိမိကိုယ်ကို ကာကွယ်တဲ့အနေနဲ့ အဲဒီလက်နက်တွေ ဆောင်ထားတာဖြစ်ကြောင်း၊ ဒါပေမယ့်လည်း လက်နက်မှုနဲ့ အရေးယူခံရမှာဖြစ်ကြောင်း ထိုင်းအထူးစုံစမ်းစစ်ဆေးရေး ရဲတပ်ဖွဲ့က ပြောပါတယ်။
ဘန်ကောက်ဗုံးပေါက်ကွဲမှုကြောင့် လုံခြုံရေးတွေ တိုးမြှင့်ချထားပေမယ့်လည်း သြဂုတ် ၄ ရက်နေ့ နေ့လယ် ၂ နာရီလောက်က ဘန်ကောက်အနီး နွန်ထဘူရီခရိုင် ပတ်ကစ်မြို့နယ် တိဝါးနွန်းလမ်းရှိ ဝပ်ဆလပ်နေ ဘုန်းကြီးကျောင်းအနီးမှာ အသေးစားပေါက်ကွဲမှု ၁ ကြိမ် ထပ်ဖြစ်ခဲ့ပါတယ်။
ပြည်သူတွေရဲ့ သတင်းပေးချက်အရ တာဝန်ရှိသူတွေ သွားရောက်စစ်ဆေးရာမှာ အချင်း ၁၀ စင်တီမီတာရှိ ပင်ပေါင်ပုံစံ ဗုံး ၃ လုံး တွေ့ရှိပြီး ၁ လုံးမှာ ပေါက်ကွဲပြီးဖြစ်ကာ ၂ လုံးမှာ မပေါက်ကွဲသေးဘူးလို့ ဆိုပါတယ်။
အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဆိုင်ကယ်စီး လူ ၂ ဦးကို အပူတပြင်း လိုက်လံစုံစမ်းလျက်ရှိပါတယ်။
ဒါ့အပြင် သြဂုတ် ၄ ရက်နေ့ မနက် ၁၁ နာရီ ၂၁ မိနစ်က ထိုင်းတောင်ပိုင်း ပတ္တနီခရိုင် ခုတ်ဖိုးထိမြို့နယ် နာပတူအုပ်စုရှိ အာဆစ်ဆထန်စာသင်ကျောင်းရှေ့ အေတီအမ်ငွေထုတ်စက် အနီးမှာလည်း ပေါက်ကွဲမှု တကြိမ်ဖြစ်ပွားခဲ့ကြောင်း၊ အုပ်စု အမှတ် ၄၀၉ အမြန်လမ်းမကြီးပေါ်မှာလည်း စူးရှစေတဲ့ သံချောင်းစတွေ ဖြန့်ကျဲထားလို့ တာဝန်ရှိသူတွေက အဲဒီလမ်းကို ကားတာယာဟောင်းတွေနဲ့ ပတ်ထားပြီး ရှင်းလင်းခဲ့ရတယ်လို့ မန်နေဂျာအွန်လိုင်း သတင်းမှာ ဖော်ပြပါတယ်။
အခုရက်ပိုင်းအတွင်း ဗုံးပေါက်ကွဲမှု၊ ဗုံးလန့်မှုတွေ ဖြစ်ပွားတာနဲ့ ပတ်သက်ပြီး ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက ဘန်ကောက်က အခြေအနေ ငြိမ်သက်ပေမယ့် လုံခြုံရေးကို သြဂုတ် ၂ ရက်နေ့ကအတိုင်း တိုးမြှင့်ချထားဆဲဖြစ်ကြောင်း၊ လျှော့ချတာမရှိကြောင်း၊ လုပ်သားပြည်သူတွေ အနေနဲ့လည်း သတိနဲ့ သွားလာနေထိုင်ပြီး ပေါ့ဆမှုမရှိဖို့၊ မိမိအနီးပတ်ဝန်းကျင်တဝိုက် မသင်္ကာစရာတွေ တွေ့ရှိပါက သက်ဆိုင်ရာကို အမြန်ဆုံး သတင်းပေးပို့ကြဖို့ တိုက်တွန်းထားပါတယ်။
DVB

0 comments:

Post a Comment