
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်အတွင်း မြန်မာနိုင်ငံ၏ ပညာရည်မြှင့်တင်ရေးလုပ်ငန်းများ အား ကူညီဆောင်ရွက်ရန်အတွက် ရောက်ရှိနေသည့် Go and Love Foundation မှ Mrs. Chou Wei Kuo ဦးစီး ၂၈ ဦးသည် ကွတ်ခိုင်မြို့ရှိ အခြေခံပညာကျောင်း၌ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၃ ရက်နေ့မှ စ၍ ပညာရည်မြှင့်တင်ရေး လုပ်ငန်းများ ဆောင် ရွက်နေစဉ် AA/TNLA/MNDAA အကြမ်းဖက် သောင်းကျန်းသူများ၏ မြို့/ရွာများအား တိုက်ခိုက်မှု၊ လမ်း၊ တံတားများ မိုင်းခွဲဖျက်ဆီးမှုကြောင့် ကွတ်ခိုင်မြို့ရှိ K.K Guest House ၌ သြဂုတ်လ ၁၅ ရက်နေ့မှစ၍ ပိတ်မိနေခဲ့သည်။
အဆိုပါနိုင်ငံခြားသားများအား ယနေ့နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် တပ်မတော်(လေ)မှ ရဟတ်ယာဉ် ဖြင့် ကွတ်ခိုင်မြို့မှ လားရှိုးမြို့သို့ လည်းကောင်း၊ ဆက်လက်၍ တပ်မတော်လေယာဉ်ဖြင့် လားရှိုးမြို့မှ ရန်ကုန်မြို့သို့လည်းကောင်း အန္တရာယ်ကင်းရှင်းစွာကူညီပို့ဆောင်ပေးနိုင် ခဲ့ကြောင်း သိရသည်။
Credit - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
The Ladies News






0 comments:
Post a Comment