
မလေးရှားနိုင်ငံမှာ မှတ်ပုံတင်ကတ် အတုတွေနဲ့ ကုလသမဂ္ဂ ဒုက္ခသည်ကတ်ပြားအတုတွေ ပိုင်ဆိုင်ရောင်းချနေတဲ့ မြန်မာနိုင်ငံသားတဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
အသက် ၄၅ နှစ်အရွယ် မြန်မာနိုင်ငံသားရဲ့အခန်းကို ၀င်ရောက်ရှာဖွေရာမှာ မှတ်ပုံတင်နဲ့ ဒုက္ခသည် ကတ်ပြားအတုတွေ၊ နိုင်ငံကူးလက်မှတ်အတုတွေနဲ့ အဲဒီ အထောက်အထားအတုတွေ ပြုလုပ်ရာမှာ သုံးစွဲတဲ့ပစ္စည်းတွေ တွေ့ရှိသိမ်းဆည်းခဲ့ပါတယ်။
သူကိုယ်တိုင်ကလည်း တရားမ၀င် ရောက်ရှိနေသူဖြစ်ပြီး၊ မှတ်ပုံတင် အတု တခုကို မလေးရှားရင်းဂစ်ငွေ ၃၀ နဲ့ ရောင်းချနေတယ်လို့ဆိုပါတယ်။
Photo: Manan VATSYAYANA / AFP
RFA






0 comments:
Post a Comment