အိန္ဒိယနိုင်ငံ ကက်ရှ်မီးယားပြည်နယ်ထဲက အခြေအနေတွေကြောင့် ပြည်နယ်အတွင်း ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေက အစိုးရကို ပြစ်တင်ရှုတ်ချနေကြပါတယ်။
ဟိမဝန္တာတောင်တန်းရဲ့ တောင်ထွတ်တွေ၊ ရေကန်ထဲက ရာချီတဲ့ ရေပေါ်အိမ်တွေ၊ ဟိုတယ်တွေနဲ့ ရှိကာရာ လှေအိမ်တွေကြောင့် ရှုခင်း ပန်းချီကားတချပ်လို လှနေတဲ့ ကက်ရှ်မီးယားဒေသဟာ နှစ်စဉ် သိန်းချီတဲ့ ကမ္ဘာလှည့် ခရီးသည်တွေကို ဆွဲဆောင်နေပါတယ်။
စီးပွားရေး လုပ်ငန်းရှင်တွေကတော့ စီးပွားရေး ကျဆင်းနေပေမယ့် သူတို့ အဓိကစိုးရိမ်တာက ကက်ရှ်မီးယား ပြည်နယ်သားအဖြစ်ရမယ့် သူတို့အခွင့်အရေးပဲလို့ ပြောပါတယ်။
ဒဲလ်ရေကန်အတွင်းက လှေအိမ်လုပ်ငန်းရှင် နီလိုဖာ ဆာလင်းမ်က “သြဂုတ် ၅ ရက်ကစပြီး ဒီမှာ အားလုံးပိတ်ကုန်တယ်။ ဘာစီးပွားရေးမှ အခုမရှိဘူး။ ပြဿနာက ဘာလဲသိလား၊ ကျနော်တို့ အခွင့်အရေးပဲ၊ ခင်ဗျားတို့ရဲ့ ဖုန်းလိုင်းတွေ၊ လက်ကိုင်ဖုန်း ကွန်ရက်တွေ၊ အင်တာနက်တွေ ကျနော်တို့ မလိုအပ်ဘူး၊ ကက်ရှ်မီးယားနယ်သားဆိုတဲ့ ကျနော်တို့ရဲ့ အခွင့်အရေးကိုပဲ လိုအပ်တယ်” လို့ ပြောပါတယ်။
ခုတော့ ဆက်သွယ်ရေးနဲ့ လှုပ်ရှားမှုတွေကို ရဲတွေက ဖြတ်တောက်ထားလို့ ဒဲလ်ရေကန်ထဲက ဟိုတယ်တွေ၊ ရေပေါ်ဈေးတွေနဲ့ လှေအိမ်တွေမှာ လူသူကင်းမဲ့နေပါတယ်။
ကက်ရှ်မီးယားပြည်နယ်ကို အိန္ဒိယနိုင်ငံထဲ သွတ်သွင်းပြီး ဖွံ့ဖြိုးတိုးတက်ရေး အရှိန်အဟုန်ကို မြှင့်တင်ဖို့ ဒီစီမံကိန်းက လိုအပ်တယ်လို့ အိန္ဒိယအစိုးရက ပြောပါတယ်။
DVB






0 comments:
Post a Comment