ဗစ်တိုးရီးယား ဖခင်က ယမန်နေ့ရုံးချိန်းတွင် လက်ကိုင်ဖုန်းအတွင်းမှ သက် သေခံ ဗီဒီယိုဖိုင်နှစ်ခု ထပ်မံတင်ပြ ပြီး အဆိုပါအမှုတွင် တရားလို (ဗစ်တိုးရီးယားမိသားစု) ဘက်မှ ဥပဒေကြောင်းဆိုင်ရာ ကိစ္စများ ကို တာဝန်ယူရန် နိုင်ငံတော်ဘက် မှ ကိုယ်စားလှယ်လွှဲအပ်ထားသူ ဥပဒေအရာရှိ ဦးကျော်မင်းအောင် က ကန့်ကွက်သော်လည်း ဒက္ခိ ဏခရိုင်တရားရုံးက လက်ခံသည်။
ဖခင်တင်သွင်းသည့် ဗီဒီယိုဖိုင် နှစ်ခု
တင်သွင်းသည့် ဗီဒီယိုဖိုင် တစ်ခုတွင် ဖခင်က Wisdom Hill မူကြို ကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာ လှိုင်၏ သားနှစ်ဦး (ကိုကို၊ ညီညီ)တွဲရိုက်ထားသည့် ဓာတ်ပုံ၊ ၎င်း တို့နှစ်ဦး၏ တစ်ဦးချင်းပုံ၊ မူကြို ဆရာမနှင်းနု၊ ရဲတပ်ဖွဲ့က သံယ သတရားခံအဖြစ် ဖမ်းဆီးထား သည့် ဒေါ်ဥမ္မာလှိုင်၏ ကိုယ်ပိုင် ယာဉ်မောင်း အောင်ကြီးတို့ ပါဝင် သည့်ဓာတ်ပုံငါးပုံကို ဗစ်တိုးရီး ယားအား ပြသမှုပါဝင်သည်။
အဆိုပါ ဓာတ်ပုံငါးပုံအနက် ကိုကို၊ ညီညီပါသည့်ပုံများကို ဗစ် တိုးရီးယားက လက်ထဲတွင်ရှိနေ သော ခဲတံဖြင့်ထိုးကာ ရိုက်ပစ် ရန်၊ ကန်ပစ်ရန် ဖခင်ကိုပြောပြီး မီးမီးကို ဖင်ဖုဆိတ်တဲ့သူတွေ မုန်း တယ်ဟုပြောခဲ့ကြောင်း တရားလို (ဗစ်တိုးရီးယားမိသားစု) ဘက်မှ ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက် နေသည့် ဒေါ်ရွက်နုအောင်က 7 Day သတင်းစာအား ပြောသည်။
ထို့အတူ အောင်ကြီး၏ဓာတ် ပုံကိုပြရာ ဗစ်တိုးရီးယားက မသိ ဟုပြောကြောင်း၊ ဆရာမနှင်းနု ဓာတ်ပုံကိုမူ အာဘွားပေးကြောင်း ၎င်းက ဆက်လက်ပြောသည်။
‘‘တီချယ်နှင်းနု ဓာတ်ပုံလေး ကိုကိုင်ပြီး သမီးလေးက အာဘွား ပေးတယ်။ တီချယ်နှင်းနု ဓာတ်ပုံ အာဘွားအာဘွားဆိုပြီး လုပ် တယ်။ ကျန်တဲ့ဓာတ်ပုံတွေအပေါ် မူတည်ပြီးတော့မှ အောင်ကြီးရဲ့ ဓာတ်ပုံမသိဘူးဆိုပြီး ကလေး လေးက လွှင့်ပစ်ပြီး တွန်းထုတ် လိုက်တယ်’’ဟု ဒေါ်ရွက်နုအောင် က ဆိုသည်။
တရားရုံးသို့ ဖခင်တင်သွင်း သည့် နောက်ထပ်ဗီဒီယိုတစ်ခု တွင်လည်း ဓာတ်ပုံငါးပုံကို ဆော့ ကစားနေသည့် ဗစ်တိုးရီးယား အား ခေါ်ယူပြသခြင်းပင်ဖြစ်ပြီး အဆိုပါဖိုင်တွင် ကလေးငယ်က အထက်ပါကဲ့သို့ပင်ပြောပြီး ဓာတ်ပုံများကို လုံးခြေ၍ အမှိုက် ပုံးအတွင်း သွားပစ်သော်လည်း ဆရာမနှင်းနု၏ ဓာတ်ပုံကိုမူ မပစ် ဘဲ ပြန်ယူလာကြောင်း ၎င်းက ပြောသည်။
‘‘ကိုကိုနဲ့ညီညီ ဓာတ်ပုံကို ဒီကိုကိုနှစ်ယောက်က မီးမီးရဲ့ဖင် ဖုကိုဆိတ်တာ၊ မီးမီးကိုလုပ်တာ။ တီချယ်နှင်းနုတောင်သိတယ်၊ သူ တို့ကို ဒီမှာထားလို့မရဘူး။ သူတို့ ကို မုန်းတယ်၊ လွှင့်ပစ်မယ်ဆိုပြီး ယူပြီးအမှိုက်ပုံးထဲကို သွားပြီး တော့မှထည့်တာ၊ ထည့်တဲ့အခါ ဓာတ်ပုံတွေ အားလုံးကိုဆွဲသွားပြီး တီချယ်နှင်းနုဓာတ်ပုံလည်း ပါ သွားတဲ့အခါကျတော့ ကလေး လေးက ပြန်ကြည့်ပြီး တီချယ် နှင်းနုက ပစ်လို့မရဘူး၊ ပြန်ခေါ် သွားရမယ်ဆိုပြီး အမှိုက်ပုံးထဲက တီချယ်နှင်းနုပုံလေးကို ပြန်ခေါ် လိုက်တာပေါ့’’ ဟု ဒေါ်ရွက်နု အောင်က ဆိုသည်။
ဥပဒေအရာရှိကန့်ကွက်
ဗစ်တိုးရီးယား ဖခင်တင် သွင်းသည့် ဗီဒီယိုဖိုင်နှစ်ခုသည် ရဲ တပ်ဖွဲ့က တရားရုံးသို့ တရားစွဲဆို ပြီးနောက် သြဂုတ် ၁၃ ရက်တွင်မှ ရိုက်ကူးထားသည်ဖြစ်၍ သက် သေခံအဖြစ် တရားရုံးက လက်မ ခံသင့်ကြောင်း ဥပဒေအရာရှိက ကန့်ကွက်သည်။
ရုံးတော်မှ စစ်ဆေးနေ သော အမှုများ၌ ဗီဒီယိုဖိုင်အား နောက်မှ ရိုက်ကူးပြီး သက်သေခံ အဖြစ် တင်သွင်းသလိုဖြစ်နေသ ဖြင့် ဗီဒီယိုဖိုင်နှစ်ခုကို သက်သေခံ အဖြစ် လက်မခံထိုက်ပါကြောင်း ဟု ဦးကျော်မင်းအောင်က ပြော သည်။ ဥပဒေအရာရှိက တရားရုံး သို့ အမှုစွဲဆိုမတင်ပို့မီ မေလ ၁၄ ရက်က ရိုက်ကူးထားပြီး ရဲတပ်ဖွဲ့ က သက်သေခံတင်သွင်းပြီး ဖြစ် သည့် ဗီဒီယိုရှိပြီးဖြစ်ကြောင်းပြော သည်။
၎င်းက ထိုသို့ကန့်ကွက် သော်လည်း ရဲတပ်ဖွဲ့က တရားခံ အဖြစ် ဖမ်းဆီးတရားစွဲဆိုထား သည့် အောင်ကြီးဘက်မှ ရှေ့နေ အဖြစ် လိုက်ပါဆောင်ရွက်နေ သည့် ဒေါ်စုဒါလီအောင်က ဖခင် ဖြစ်သူ ယခုထပ်မံတင်သွင်းသည့် ဗီဒီယိုနှစ်ခုသည် နစ်နာသူကလေး ငယ် ကိုယ်တိုင်ပြောထားခြင်းဖြစ် ၍ တရားမျှတမှုအတွက် များစွာ အထောက်အကူပြုမည်ဟု တရား ရုံးသို့ ပြန်လည်လျှောက်ထား သည်။
တရားသူကြီးက ‘‘သက်သေ ခံဖုန်းတွင် ပါဝင်ပြီးဖြစ်၍ သီး ခြားသက်သေခံအဖြစ် တင်သွင်း ရန် လိုအပ်မည်မဟုတ်၊ ပယ်တာ မဟုတ်ဘူး၊ ပါပြီးသားဆိုတဲ့သ ဘော’’ ဟု အဆိုပါဗီဒီယိုဖိုင်နှစ်ခု နှင့် ပတ်သက်၍ ပေါ်ပေါက်နေ သည့် အငြင်းပွားမှုအပေါ် တရား ခွင်တွင် ရှင်းပြသည်။
တရားသူကြီး၏ ပြောကြား ချက်အပေါ် ဒေါ်ရွက်နုအောင်က ‘‘ဒီဗီဒီယိုဖိုင်ပါတဲ့ဟာတွေ အကုန် လုံး ဖုန်းတစ်ခုလုံးကို သက်သေခံ အဖြစ် သွင်းပြီးသားမို့ ရုံးတော်ကို ရောက်သွားပြီ။ ဒီဗီဒီယိုဖိုင်ပါတယ် ဆိုတဲ့ အခြေအနေတစ်ခု အသေး စိတ်တွက်ဆိုတဲ့ အခါကျတော့ သူ က ဒါကိုကန့်ကွက်တယ်ဆိုပြီးဖြစ် တာ။ အဲဒီအခါဟိုဘက်က သက် သေခံသွင်းတယ်ဆိုပြီး ဖြစ်တာ၊ တရားရုံးက သက်သေခံဝင်ပါ တယ်’’ ဟု ရှင်းပြသည်။
ဒေါ်စုဒါလီအောင်ကလည်း ဗစ်တိုးရီးယား ဖခင်ကိုယ်တိုင်တင် သွင်းသည့် ဗီဒီယိုဖိုင်သည် အမှန် တရားအတွက် ၁၀၀ ရာခိုင်နှုန်း အထိ အရေးပါကြောင်း သုံးသပ် သည်။
ဥပဒေအရာရှိကလည်း ဗီဒီယိုဖိုင် တင်
ယမန်နေ့ရုံးချိန်းတွင် ဥပဒေ အရာရှိကလည်း ရဲတပ်ဖွဲ့ကသက် သေခံအဖြစ် တင်သွင်းထားသည့် မီးမီးဖင်ဖုကိုဆိတ်တာ အဲဒီကိုကို ဟု အောင်ကြီးပါဝင်သော စီစီတီ ဗီကိုကြည့်၍ မေလ ၁၄ ရက်က ဗစ်တိုးရီးယားပြောထားသော ဗီဒီ ယိုကို သက်သေခံအဖြစ် တင် သွင်းသည်။
ဖခင်ကမူ အဆိုပါ ဗီဒီယို ဖိုင်မှာ ရဲတပ်ဖွဲ့သို့ ၎င်းပေးလိုက် သည့် ဖိုင်အတိုင်းမဟုတ်ဘဲ လို အပ်သည့် မိနစ်ပိုင်းကိုသာ ဖြတ် တောက်ထားခြင်း ဖြစ်ကြောင်း တရားရုံးတော်သို့ ပြောသည်။
အဆိုပါ ဗီဒီယိုကို ဗစ်တိုးရီး ယားအားပြသသည့်အခါ အောင် ကြီးကို တွေ့ရာတွင် ‘‘မီးမီးဖင်ဖုကို ချိတ်တာ၊ အဲဒီကိုကို သေနတ်နဲ့ တောင် ပစ်ချင်တယ်’’ဟု ကလေး ငယ်က ပြောခဲ့ကြောင်း ဖခင်က တရားခွင်တွင် ထွက်ဆိုသည်။ ထို့ အတူ ရဲတပ်ဖွဲ့တင်သွင်းသည့် အောင်ကြီးကို ဗစ်တိုးရီးယား ညွှန် ပြသည့် အဆိုပါဗီဒီယိုဖိုင်သည် စက္ကန့်ပိုင်းသာရှိပြီး အဝေးမှ ရိုက် ကူးထားသည့် စီစီတီဗီမှတ်တမ်း ဖြစ်ခြင်းကြောင့် ပုံရိပ်များသည် သဲ သဲကွဲကွဲမရှိသည်မှာ မှန်ပါ သလားဟု အောင်ကြီး၏ ရှေ့နေ ကမေးမြန်းရာ ဟုတ်မှန်ကြောင်း ဖခင်က ပြန်လည်ဖြေကြားသည်။
ထူးခြားချက်အချို့
နေပြည်တော် ဒက္ခိဏခရိုင် တရားရုံးတွင် ကြားနာသည့်ယမန် နေ့ရုံးချိန်းသည် ၇ နာရီခန့်ကြာ မြင့်ခဲ့သည်။ အောင်ကြီးဘက်မှ ရှေ့နေက Wisdom Hill မူကြို ကျောင်း၌ ဗစ်တိုးရီးယားအား အပ်နှံဖြစ်ပုံနှင့် အောင်ကြီးပါဝင် သည့် စီစီတီဗီမှတ်တမ်းဆိုင်ရာ များကို မေးမြန်းခဲ့သည်။ ဖခင်၏ ထွက်ဆိုချက်တွင် ဗစ်တိုးရီးယား အမှုအတွက် မှုခင်းဆေးပညာ အရ စစ်ဆေးခံရသူခြောက်ဦးရှိ ပြီး ၎င်းကိုယ်တိုင်နှင့် အောင်ကြီး၊ ဗစ်တိုးရီးယား နေထိုင်သည့်တိုက် ၏ မြေညီထပ်မှ အသက် (၁၇) နှစ်အရွယ် အမျိုးသားတစ်ဦး၊ အ မည်မသိတစ်ဦး၊ ဒေါ်ဥမ္မာလှိုင်၏ သားနှစ်ဦးဖြစ်သည်ဟု ပါဝင် သည်။
တရားခွင်အတွင်း ဖခင်၏ ထွက်ဆိုချက်များနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့တာဝန်ရှိသူနှင့် ဒေါ်ဥမ္မာ လှိုင်တို့ထံ မေးမြန်းရန် 7 Day သတင်းစာက ဆက်သွယ်သော် လည်း ယမန်နေ့ညပိုင်းအထိ အ ဆက်အသွယ်မရသေးပေ။ Wisdom Hill မူကြိုကျောင်း၏ အ မည်မဖော်လိုသူ တာဝန်ရှိသူတစ် ဦးကမူ ဒေါ်ဥမ္မာလှိုင်သည် လက် ရှိအချိန်အထိ ကျောင်းတွင် တာ ၀န်ထမ်းဆောင်နေဆဲ ဖြစ် ကြောင်း ပြောသည်။
ငါးကြိမ်မြောက်ရုံးချိန်းကို ဒက္ခိဏခရိုင်တရားရုံးက သြဂုတ် ၂၈ ရက်သို့ ပြန်လည်ချိန်းဆိုထား ပြီး ဗစ်တိုးရီးယား၏ အဘွားနှင့် Wisdom Hill ကျောင်းမှ စီစီ တီဗီမှတ်တမ်းများကို ရဲတပ်ဖွဲ့ထံ အပ်နှံပေးသူ ကိုရန်နောင်ဌေးတို့ ကို စစ်ဆေးရန်ရှိသည်။
7Day






0 comments:
Post a Comment