Wednesday, August 14, 2019

NLD ခရိုင်အလုပ်အမှုဆောင်တစ်ဦး ဓားခုတ်ခံရ

မန္တလေးခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အလုပ်အမှုဆောင်အဖွဲ့ဝင် တစ်ဦးကို ဩဂုတ် ၁၃ ရက် ညတွင်လူငါးဦးက ဓားဖြင့် ဝိုင်းခုတ်မှု ဖြစ်ပွားခဲ့သည်။

ဩဂုတ် ၁၃ ရက် ည ၉ နာရီ ကျော်တွင် မန္တလေးမြို့ အောင် မြေသာစံမြို့နယ် ၈၉ လမ်း၊ ၁၇ လမ်းနှင့် ၁၈ လမ်းကြားရှိ လက် ဖက်ရည်ဆိုင်၌ ဓားဖြင့်ခုတ်ခံရသူ ဦးမျိုးလွင် အပါအဝင် အမျိုးသားနှစ်ဦး ထိုင်နေစဉ် အမည်မသိ လူငယ်ငါးဦးက လာရောက်ပြီးဓားဖြင့်ခုတ်ကာ ဝိုင်းထိုးကြိတ်ခဲ့ကြောင်း အမှတ် (၅) နယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် ဦးမျိုးလွင်သည် အသက်အန္တရာယ် မစိုးရိမ်ရသော်လည်း လက် တွင် ပြတ်ရှဒဏ်ရာများရရှိ၍ ဆေး ရုံ တက်ရောက်ကုသနေသည်။
‘‘ကျွန်တော့် မိတ်ဆွေတစ် ယောက်ကိုတော့ တုတ်နဲ့ နည်း နည်းပါးပါးရိုက်တာ၊ ကျွန်တော့် ကိုတော့ ဓားနဲ့ခုတ်တာ၊ လူငယ် ပိုင်းတွေပဲ၊ မြင်လည်း မမြင်ဖူး ဘူး’’ဟု ဦးမျိုးလွင်က ပြောသည်။
လူငယ်ငါးဦးသည် ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာကာ ဝိုင်းခုတ်ခြင်းဖြစ်ပြီး ဦးမျိုးလွင်သာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။
ဦးမျိုးလွင်နှင့်အတူ လက် ဖက်ရည်ဆိုင်ထိုင်သည့် ဒီချုပ် ပါတီဝင် ဦးကျော်တင့်က ‘‘လက်ဖက်ရည်ဆိုင်က ကျွန်တော်ရော သုံးယောက်ထိုင်တာ။ ၉ နာရီကျော်လို့ ကွမ်းဆိုင်ပိတ်တော့မှာမို့ ကျွန်တော်က ကွမ်းသွားထုပ်တာ။ ငါးမိနစ်တောင်မကြာဘူး။ ပြန်လာတော့ သွေးတွေနဲ့ ကျွန်တော့်လူကို မြင်ရတာပဲ’’ဟု ပြောသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ် သက်၍ ကျူးလွန်သူ လူငယ်ငါးဦး ကို နာကျင်စေမှု၊ ဘေးဖြစ်စေ သော လက်နက်ဖြင့် နာကျင်စေ မှု၊ အားပေးကူညီမှုတို့ဖြင့် အမှတ် (၅)နယ်မြေရဲစခန်းမှ အမှုဖွင့်ထား ကာ ရှာဖွေစုံစမ်းနေကြောင်း အဆိုပါ ရဲစခန်းမှ ရဲအရာရှိတစ်ဦး က ပြောသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက် ၍ မန္တလေးတိုင်း NLD ပါတီ အတွင်းရေးမှူး ဦးတင်ကိုကိုအား ဆက်သွယ်မေးမြန်းရာ ‘‘ကျွန်တော်တို့ ဘာမှ မသိထားတော့ မှတ်ချက်ပေးဖို့ ခဲယဉ်းမယ်။ ဘာမှ မပြောလိုပါဘူး။ ဥပဒေအတိုင်းပဲ ဆက်သွားပါလိမ့်မယ်’’ဟု ပြောသည်။
ရန်ပြုခံရသူများသည် အောင် မြေသာစံမြို့နယ်ရှိ မူးယစ်ဆေးဝါး တိုက်ဖျက်ဖမ်းဆီးရေး လုပ်ငန်းများတွင် လိုက်ပါဆောင်ရွက်သူများဖြစ်ပြီး ရန်ပြုသူများသည် မူးယစ်သားကောင်များ ဖြစ်နိုင်ကြောင်း ဦးကျော်တင့်က သုံးသပ်သည်။
7Day

0 comments:

Post a Comment