Monday, August 5, 2019

မီတာခကြွေးကျန် မြင့်တက်သွား၍ တောင်ဒဂုံတွင် နေထိုင်သူများ အခက်အခဲဖြစ်နေ

မီတာခမတက်ခင် မီတာခကြွေးကျန်တွေမြင့်တက်သွားလို့ အခက်အခဲဖြစ်နေကြတယ်လို့ တောင်ဒဂုံမြို့နယ်မှာ နေထိုင်သူတွေက ပြောပါတယ်။

မီးတာခတိုးကောက်မယ်လို့ သတင်းထုတ်ပြန်ထားပြီးနောက် အခုလအတွင်း ကောက်ခံတဲ့ ငွေတောင်းခံလွှာမှာ အရင်ဈေးနှုန်းအတိုင်းရေးထားပေမယ့် အကြွေးကျန်တွေဟာ အရင်ထက် ဆယ်ဆကျော်မြင့်သွားတာကြောင့် အခက်အခဲတွေဖြစ်နေတယ်လို့ ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်မှာ နေထိုင်သူ ဦးလှဌေးက ပြောပါတယ်။
အစိုးရကနေ လျှပ်စစ်မီတာခနှုန်းထားတွေကို တိုးမြှင့်ကောက်ခံတဲ့ တချိန်တည်းမှာပဲ ကုန်ဈေးနှုန်းတွေ တက်လာလို့ ပြည်သူတွေကြားမှာ လျှပ်စစ်ဓာတ်အားချွေတာသုံးစွဲနေရပါတယ်။ 
တောင်ဒဂုံ ၂၂ ရပ်ကွက်က နေအိမ်တချို့မှာ မီတာခမတိုးခင်အကြွေးကျန်တွေဟာ ပိုပြီးများနေတယ်လို့ ဦးစိန်မြင့်က ပြောပါတယ်။
လျှပ်စစ်ဓာတ်အားခတက်တာဟာ တိုင်းပြည်အတွက်အခြေခံကုန်ဈေးနှုန်း အပါအဝင်တခြား အကျိုးသက်ရောက်မှုတွေ များစွာရှိတာကို အစိုးရအဖွဲ့ဝင်တွေက ဖာထေးပြောဆိုတာတွေကလည်း မဖြစ်သင့်ဘူးလို့ လျှပ်စစ်နဲ့အီလက်ထရောနစ်လုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးမြင့်ဇော်က ပြောပါတယ်။
လျှပ်စစ်ဓာတ်အားခ တိုးမြှင့်လိုက်တာကြောင့် ကုန်ဈေးနှုန်း မြင့်မားလာမှာမဟုတ်ဘဲ လျှပ်စစ်မီးပုံမှန်ရပါက နောက်ပိုင်းမှာ တည်တည်ငြိမ်ငြိမ်နဲ့ ပိုတိုးတက်လာလိမ့်မယ်လို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ်က ပြောဆိုထားပါတယ်။ 
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ လျှပ်စစ်ဓာတ်အားခနှုန်းထားတွေကို  ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ၊ ၁ ရက်နေ့ကစပြီး ပြင်ဆင်သတ်မှတ်ထားပါတယ်။ အခု ပြင်ဆင်လိုက်တဲ့ နှုန်းထားဟာ အရင်ကထက် ၂ ဆ ပိုများပါတယ်။
DVB

0 comments:

Post a Comment