Monday, August 5, 2019

တောင်ကိုရီးယားအစိုးရက ဖွံ့ဖြိုးတိုးတက်ရေးနှင့်သုတေသနအတွက် ဒေါ်လာ(၆.၈)ဘီလီယံ သုံးစွဲမည်

တောင်ကိုရီးယားအစိုးရဟာ နောက်(၇)နှစ်အတွင်းမှာ ပြည်တွင်းဖြစ်ပစ္စည်းတွေ ဖွံ့ဖြိုးတိုးတက်ရေး နဲ့ သုတေသနလုပ် ရေးအတွက် အမေရိကန်ဒေါ်လာ(၆.၈၄)ဘီလီယံရင်နှီးမြုပ်နှံဖို့ စီစဉ်ထားတယ်လို့ အခုလ(၅)ရက်နေ့က ကြေညာလိုက် ပါတယ်။ ဂျပန်နိုင်ငံက သွင်းကုန်တွေအပေါ် အားထားမှီခိုနေရတာကို လျော့ချနိုင်ဖို့ ရည်ရွယ်ပြီ အခုလို စီစဉ်လိုက်တာ လို့ သိရပါတယ်။ 
စစ်အတော်အတွင်းတုန်းကအလုပ်သမားအတင်းစေခိုင်းမှုနဲ့ပတ်သက်ပြီး ဂျပန် နဲ့ တောင်ကိုရီးယားကြား ဆက်ဆံရေး တင်းမာနေချိန်မှာ ဂျပန်အစိုးရက ပစ္စည်းတင်ပို့မှုအထူလမ်းကြောင်းပေးထားတဲ့နိုင်ငံများ စာရင်းကနေ တောင်ကိုရီးယားနိုင်ငံကို အခုလ(၂)ရက်နေ့က ဖယ်ရှားခဲ့ပါတယ်။ အဲ့ဒီနောက် တောင်ကိုရီးယားအစိုးရက ဂျပန်သွင်း ကုန်တွေအပေါ် မမှီခိုတော့ဖို့ အစီအစဉ်ဆွဲခဲ့တာလည်း ဖြစ်ပါတယ်။ 
ပြီးခဲ့တဲ့ဇူလိုင်လတုန်းကလည်း တောင်ကိုရီးယားက အများဆုံးတင်ပို့နေရတာဖြစ်တဲ့ chips လုပ်တဲ့ပစ္စည်းတွေကို ဂျပန်အစိုးရက တင်းကြပ်မှုတွေပိုမိုလုပ်ခဲ့တဲ့အတွက် Appleနဲ့ဟွာဝေးတို့လိုနည်းပညာကုမ္ပဏီကြီးတွေတင်မက တစ်ကမ္ဘာလုံးက chips လုပ်ငန်းကို ထိခိုက်စေခဲ့တယ်လို့သိရပါတယ်။ 
"လက်ရှိရင်ဆိုင်နေရတဲ့ပြဿနာတွေကို ကျနော်တို့နိုင်ငံရဲ့စက်မှုလက်မှုပစ္စည်းတွေအတွက် အခွင့်အလမ်းတစ်ခုအဖြစ် ပြောင်းလဲချင်ပါတယ်"လို့ တောင်ကိုရီးယားစက်မှုဝန်ကြီး Sung Yun-mo က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ 
တောင်ကိုရီးယားအစိုးရဟာ နောက်(၅)နှစ်အတွင်းမှာ chips တွေ၊ ဘတ္ထရီတွေ၊ ကားတွေ နဲ့ အခြားထုတ်ကုန်ပစ္စည်း တွေလုပ်ရင် အသုံးပြုတဲ့ စက်ပစ္စည်းကိရိယာတွေ၊ အဓိကအစိတ်အပိုင်းပေါင်း (၁၀၀)ကို ကိုယ်တိုင်-ဖူလုံအောင် လုပ်ဆောင်သွားဖို့ စီစဉ်ထားတာဖြစ်ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။


Translated by - (စုစံစိုး)

0 comments:

Post a Comment