Monday, August 5, 2019

နိုင်ငံခြားသို့ အရည်အသွေးမြင့် ရွှေထည်တင်ပို့မှု အခွန်ကင်းလွတ်ခွင့်ရမည်

နိုင်ငံခြားသို့ ရွှေတုံးရွှေခဲ၊ လက် ၀တ်ရတနာများ၊ ရွှေဖြင့်ပြုလုပ် ထားသော အနုပညာပစ္စည်းနှင့် အသုံးအဆောင်ပစ္စည်းများ တင် ပို့ရာတွင် အခွန်ကင်းလွတ်ရရှိမည် ဟု ရန်ကုန်တိုင်းရွှေ လုပ်ငန်းရှင် အသင်းက ကြေညာထားသည်။
ထိုသို့ တင်ပို့ရာတွင် ဗဟို ဘဏ်ဥပဒေအရ ဗဟိုဘဏ်ခွင့် ပြုချက်ဖြင့် ဆောင်ရွက်ရမည်ဟု  မြန်မာရွှေဖွံ့ဖြိုးတိုးတက်ရေးအ များပိုင်ကုမ္ပဏီမှ ဒါရိုက်တာဦး အုန်းမြိုင်ကပြောသည်။

‘‘အခွန်ကင်းလွတ်က သန့် စင်မှု ၉၉ ဒသမ ၉၉ ရာခိုင်နှုန်း  ရရှိမှပဲ အခွန်ကင်းလွတ်ခွင့်ရ မယ်။ မဟုတ်ရင်အခွန်ကင်းလွတ် ခွင့်ရမှာမဟုတ်ဘူး’’ ဟု ၎င်းက ဆိုသည်။
ရွှေပြည်ပတင်ပို့၊  တင်သွင်း ခြင်းကို ယခုနှစ်ဇန်န၀ါရီတွင် ပထမဆုံးတရားဝင်ခွင့်ပြုကြောင်း အစိုးရက ကြေညာပြီး One Stop Service ကိုရန်ကုန်မြို့ ပြည်သူ့ ရင်ပြင်ရှိ Culture Valley ၌ စက် တင်ဘာ ၂၄ ရက်က စတင်ဖွင့် လှစ်ခဲ့သည်။
ရွှေတင်ပို့မှု အခွန်ကင်း လွတ်ခွင့်ပေးသော်လည်း တင် သွင်းမှုကိုအလွှာလိုက် အခွန် သတ်မှတ်ထားသည်။ ရွှေတုံး၊ ရွှေ ခဲ၊ ရွှေပြား၊ ရွှေချောင်း၊ ဒင်္ဂါး ပြား၊ ရွှေဖြင့်ပြုလုပ်ထားသော အနုပညာပစ္စည်း၊ ရွှေအသုံးအ ဆောင်ပစ္စည်းများကို အခွန် ၁၅  ရာခိုင်နှုန်းနှင့် လက်ဝတ်ရတနာ ကို အခွန် ၃၀ ရာခိုင်နှုန်းသတ် မှတ်ထားသည်။  ရွှေဖြူတင်သွင်း  မှုကို အခွန် ၇ ဒသမ ၅ ရာခိုင်နှုန်း သတ်မှတ်ထားသည်။ ရွှေတင်ပို့၊ တင်သွင်းခြင်းကို One Stop Serive စင်တာမှ တစ် ဆင့်ဆောင်ရွက်ရမည်ဟု ရွှေ လုပ်ငန်းရှင်အသင်းက ကြေညာ သည်။ One Stop Service စင်တာသည် နိုင်ငံအတွင်း ရွှေတင်ပို့၊ တင်သွင်းခြင်းစစ်ဆေး ကြီးကြပ်ဆောင်ရွက်ပြီး  တစ် နေရာတည်း၌ ခွင့်ပြုပေးမည့်  နေရာဖြစ်ကာ လုပ်ငန်းရှင်များထံ မှ ၀န်ဆောင်ခကောက်ယူမည်ဟု လုပ်ငန်းရှင်အသင်းကကြေညာ သည်။

7Day

0 comments:

Post a Comment