Tuesday, August 6, 2019

လူ့အဖွဲ့အစည်းအတွင်း သည်းမခံခြင်းနှင့်အကြမ်းဖက်မှုများ ပိုမိုများပြားလာသည်ကိုသတိပြုရန် အရေးကြီးကြောင်း ပညာရေးဝန်ကြီး ပြော

လူ့အဖွဲ့အစည်းအတွင်း သည်းမခံခြင်းနှင့်အကြမ်းဖက်မှုများ ပိုမိုများပြားလာသည်ကိုသတိပြုရန် အရေးကြီးကြောင်း ပညာရေးဝန်ကြီး ပြော
လူ့အဖွဲ့အစည်းအတွင်း မညီမျှမှု ၊စိတ်ဖိစီးမှု၊ပါဝင်ခွင့်မရမှု၊ လုံးဝသည်းမခံခြင်းနှင့်အကြမ်းဖက်မှုများ ပိုမိုများပြားလာသည်ကိုသတိပြုရန် အရေးကြီးကြောင်း ပညာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောသည်။
မန္တလေးတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် သြဂုတ်လ ၄ ရက်ကကျင်းပသော ပါမောက္ခချုပ်များကော်မတီ အတွေ့အကြုံရှင်းလင်းပွဲတွင် ယင်းကဲ့သို့ပြောခဲ့ခြင်းဖြစ်သည်။
“ ကမ္ဘာပေါ်တွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်၍ ဆင်းရဲနွမ်းပါးမှုကိုလျော့ချနိုင်သော်လည်းအားနည်းချက်၊ မညီမျှမှု၊ စိတ်ဖိစီးမှု၊ ပါဝင်ခွင့်မရမှု၊ လုံးဝသည်းမခံခြင်းနှင့်အကြမ်းဖက်မှုများသည် လူ့အဖွဲ့အစည်းများအတွင်း ပိုမိုများပြားလာနေသည်ကိုသတိပြုရန် အရေးကြီးပါတယ်။ ရေရှည်တည်တံ့ခိုင်မြဲဟန်ချက်ညီမှုမရှိသော စီးပွားရေးထုတ်ကုန်များနှင့်အသုံးပြုမှုများကြောင့် ကမ္ဘာကြီးပူနွေးလာခြင်း၊ သဘာဝပတ်ဝန်းကျင်များပျက်စီး ခြင်း၊ သဘာဝဘေးအန္တရာယ်များပိုမိုများပြားလာခြင်းတို့ ဖြစ်ပေါ်နေပါပါတယ်။  လူ့အခွင့်အရေးဆိုင်ရာများ တိုးတက်လာသော်လည်း အကောင်အထည်ဖော်ဆောင်ရွက်သည့်စံသတ်မှတ်ချက်များမှာ အခက်အခဲ စိန်ခေါ်မှုများနှင့်ရင်ဆိုင်နေရပါတယ်” ဟု ပညာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် အမျိုးသားရေးလှုပ်ရှားမှုများရှိလာခဲ့ပြီးနောက် သံဃာထုအတွင်း အမျိုးသားရေး ထောက်ခံသူနှင့် အစိုးရထောက်ခံသူဟူ၍ကွဲပြားမှုများရှိလာသည်။
ထို့အပြင် Facebook တွင် အကောင့်အတုများဖြင့်ညစ်ညမ်းစွာဆဲဆိုခြင်း၊ ရိုင်းပြခြင်းများပိုမိုများပြားနေပြီး လွှတ်တော်အတွင်း ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့်ပတ်သက်၍ ထောက်ခံသူနှင့်ကန့်ကွက်သူတို့ကြားတွင်လည်း အမြင်ကွဲလွဲမှုများပြင်းထန်နေသည်။

မင်းသီဟန် ( အကုန်သိ သတင်းဌာန )

0 comments:

Post a Comment