Thursday, August 22, 2019

ဂုတ်တွင်း ယာယီဘေလီတံတားကို (ယာဉ်+ကုန်=၃၆)တန်ထိသာ ဖြတ်သန်းခွင့်ပြု ၊ (ယာဉ်+ကုန်=၄၈ တန်)ထိ ခွင့်ပြုနိုင်ရန် ရက် ၃၀ အတွင်းတည်ဆောက်ကာ သွားလာခွင့်ပြုမည့်ရက်ကို ထပ်မံကြေညာ ပေးမည်

Image may contain: sky, bridge and outdoor

သြဂုတ် ၂၀ ရက်နေ့ မွန်းလွဲ(၁၃:၀၀)အချိန်မှ စတင်၍ ဂုတ်တွင်း ယာယီ ဘေလီတံတားပေါ်တွင် အိမ်စီးကား၊ ကုန်ကား (ယာဉ်+ကုန်= ၃၆ တန်) များကို စနစ်တကျ ဖြတ်သန်းခွင့်ပြုခဲ့ပါသည်။

ကုန်ကားကြီးများ (၂၀-၂၂ ဘီး)တွဲကားများကိုလည်း (၃၆)တန် အတွင်း တင်ဆောင်လာပါက ဂုတ်တွင်း တံတားပေါ်မှ ဖြတ်သန်းခွင့်ပြုလျက် ရှိပါသည်။
(ယာဉ်+ကုန်= ၃၆ တန်)ကျော်သည့် ကုန်ကားကြီးများသည် သတ်မှတ် ကုန်အလေးချိန် အတွင်းဖြစ်အောင် စနစ်တကျ ကုန်များ ကဲ့ပြီး ယာဉ် စည်းကမ်း လမ်းစည်းကမ်း လိုက်နာ၍ ဖြတ်သန်း နေကြကြောင်း ကိုလည်း တွေ့ရှိရပါသည်။
ကုန်ကားကြီးများ (ယာဉ်+ကုန်= ၄၈ တန်)ကို တံတားပေါ်မှ ဖြတ်သန်း ခွင့်ပြုနိုင်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားအင်ဂျင်နီယာများက တံတား ပညာရပ်ပိုင်းဆိုင်ရာများ တွက်ချက်၍ ဘေလီတံတား သံဘောင် ဒေါက်တန်းများ အားဖြည့် ဆောင်ရွက်ခြင်း၊ တံတားအောက်ခြေ အုတ်မြစ် လုပ်ငန်းများ တောင့်တင်းရန် ဆောင်ရွက်ခြင်းများကို ဆောင်ရွက်လျက်ရှိပြီး ရက်ပေါင်း(၃၀)အတွင်း ပြီးစီးအောင် တည် ဆောက် သွားမည် ဖြစ်ပါသည်။
ကုန်ကားကြီးများ(ယာဉ်+ကုန်=၄၈တန်) ဖြတ်သန်းသွားလာခွင့် ပြုမည့် ရက်ကို ထပ်မံအသိပေး ကြေညာပါမည်။
သို့ဖြစ်ပါ၍ ခရီးသွား ပြည်သူများနှင့် ကုန်ပစ္စည်း သယ်ယူပို့ဆောင် နေကြသော ကုန်ကားကြီးများ သည် ဂုတ်တွင်း ယာယီဘေလီ တံတားပေါ်မှ ဖြတ်သန်းမောင်းနှင်ကြရာတွင် တံတားကြီး ခိုင်ခံ့ ရေးအတွက် သတ်မှတ်ကုန်ချိန် (ယာဉ်+ကုန်= ၃၆ တန်) သယ်ဆောင်ပြီး စနစ်တစ်ကျ ဖြတ်သန်းကြပါရန် ဆောက်လုပ်ရေး ၀န်ကြီးဌာနက မေတ္တာရပ်ခံထားသည်။
Image may contain: sky and outdoor
Image may contain: mountain, sky, cloud, outdoor, nature and water
Image may contain: one or more people, people standing and outdoor
Image may contain: bridge and outdoor
The Ladies News

0 comments:

Post a Comment