Thursday, August 22, 2019

မွန်ပြည်နယ်မှာ လယ်ဧက (၁၅၀၀၀) ကျော် ရေမြုပ်ပျက်စီး

Image may contain: sky, outdoor, nature and water
မွန်ပြည်နယ်အတွင်း ရေကြီးမှုတွေကြောင့် လယ်ဧကပေါင်း (၉)သောင်းနီးပါး ရေနစ်မြုပ်ခဲ့တယ်လို့ မွန်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ် ဦးစီးမှူး ဦးအောင်နိုင်ဇော်က ပြောပါတယ်။
သြဂုတ်(၂၀)ရက်အထိ ပြန်ပေါ်တဲ့ လယ်ဧက (၇၀၀၀၀)ကျော် ရှိပြီး လယ်ဧက (၁၅၀၀၀)ကျော် ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

" ရေလွှမ်းဧက အများဆုံးက ကျိုက်မရောမြို့နယ်ပေါ့၊ ဧကနှစ်သောင်းကျော်လောက် ရှိပါတယ်။ အနည်းဆုံးကတော့ ကျိုက်ထိုမြို့နယ်ပါ"လို့ ပြည်နယ်ဦးစီးမှူး ဦးအောင်နိုင်ဇော်က ပြောပါတယ်။
လက်ရှိ မွန်ပြည်နယ်အတွင်း ရေပြန်ကျပေမယ့် အချို့မြို့နယ်တွေက လယ်တွေကတော့ ပြန်မပေါ်သေးဘူးလို့ ဆိုပါတယ်။ ပျက်စီးသွားတဲ့ လယ်တွေအတွက် စာရင်းကောက်ယူနေပြီး မျိုးစပါးတွေ ထောက်ပံ့ပေးသွားမယ်လို့ သိရပါတယ်။ လက်ရှိ စိုက်ပျိုးထားတဲ့ ပျိုးပင်တွေပါပျက်စီးသွားလို့ ပြန်စိုက်ဖို့ ခက်ခဲရှိနေတယ်လို့ ကျိုက်မရောဒေသခံ ဦးဇော်လင်းအောင် ပြောပါတယ်။ 
Image may contain: sky, cloud, mountain, grass, outdoor and nature
Image may contain: sky, tree, outdoor, nature and water
ပြီးခဲ့တဲ့ရက်ပိုင်းက မွန်ပြည်နယ်မှာ မိုးသည်းထန်စွာရွာသွန်းခဲ့ကာ လယ်မြေများ ရေမြုပ်ခဲ့တဲ့အပြင် တောင်ပြိုမှုတွေလည်း ဖြစ်ပွားခဲ့တာကြောင့် လူ(၇၀) ဝန်းကျင်သေဆုံးခဲ့ပြီး အချို့လည်း ထိခိုက်ဒဏ်ရာ ရှိခဲ့ကြပါတယ်။

သတင်း- ဗထူး

0 comments:

Post a Comment