Tuesday, August 6, 2019

မယ်ဆိုင်တွင် မြန်မာအမျိုးသမီး ၃ ဦးထံမှ ဘိန်းစိမ်း ကီလို ၃၀ ခန့် ဖမ်းမိ

562000007723201
ထိုင်-မြန်မာနယ်စပ် တာချီလိတ် – မယ်ဆိုင်ကြား ချစ်ကြည်ရေးတံတားဂိတ်မှာ ထိုင်းဘက်ခြမ်းအာဏာပိုင်တွေက မြန်မာအမျိုးသမီး ၃ ဦးထံမှ ဘိန်းစိမ်း အလေးချိန်စုစုပေါင်း ၃၀ ကီလိုဂရမ်နီးပါး ဖမ်းဆီးရမိတယ်လို့ မန်နေဂျာအွန်လိုင်းထိုင်းသတင်းမှာ ဖော်ပြပါတယ်။

သြဂုတ် ၆ ရက် နေ့ခင်းပိုင်းက မယ်ဆိုင်အဝင်ဂိတ်ရှိ ထိုင်းရဲ၊ စစ်တပ်နဲ့ အကောက်ခွန်ဌာနဆိုင်ရာ တာဝန်ရှိသူတွေဟာ ဖြတ်သန်းသွားလာသူတွေကို စစ်ဆေးကြည့်ရှုစဉ် မြန်မာဘက်ခြမ်းက ဝင်လာတဲ့ အမျိုးသမီး ၃ ဦးရဲ့  ပစ္စည်းတွေထဲကနေ ဘိန်းစိမ်းတွေ ဖမ်းမိခဲ့တာလို့ တာဝန်ရှိသူတဦးက သတင်းထောက်ကို ပြောပါတယ်။
အဆိုပါ အမျိုးသမီး ၃ ဦးမှာ နန်းအေလောက်၊ နန်းဖစ်နဲ့ နန်းလူတို့ဖြစ်ပြီး ခန္ဓာကိုယ်မှာ ဘာဥပဒေမဲ့ပစ္စည်းမှ မတွေ့ရပေမယ့်လည်း မျက်နှာအနေအထား သင်္ကာဖွယ်တွေ့ရတာကြောင့် သုံးဘီးနဲ့ သယ်ဆောင်လာတဲ့ သူတို့ပစ္စည်းတွေကို X- Ray စက်နဲ့ စစ်ဆေးရာမှာ နေကြာစေ့၊ ပဲကြော် ၊ ငါး ခြောက် စတဲ့ စားစရာတွေထဲ ဝှက်ယူလာတဲ့ ဘိန်းစိမ်းတွေ တွေ့ရှိတာလို့ ဆိုပါတယ်။
စစ်ဆေးချက်အရ ဘိန်းစိန်းအတုံးပေါင်း ၁၇ တုံးတွေ့ပြီး အလေးချိန်စုစုပေါင်း ၂၇ ဒဿမ ၈၃၄၆ ကီလိုဂ ရမ်ရှိကာ တန်ဖိုး ဘတ် ၆၂၉ ၀၀၀ ( ၆ သိန်း ၂ သောင်း ၉ ထောင် ) ဖိုး ရှိမယ်လို့ တာဝန်ရှိသူတွေက ခန့်မှန်းပါတယ်။
သူတို့ ၃ ယောက်လုံးကို မူးယစ်မှုနဲ့ အရေးယူဖို့အတွက် မယ်ဆိုင်ရဲစခန်းမှာ ဖမ်းဆီးထားတယ်လို့ သတင်းမှာ ဖော်ပြသွားပါတယ်။
562000007723202
562000007723203
562000007723206
562000007723207
562000007723208
DVB

0 comments:

Post a Comment