သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အကယ်ဒမီဆုတခု ဖြစ်တဲ့ ကမ္ဘာမြေချစ်သူဆု ၅ ကြိမ်မြောက် ပေးအပ်ပွဲကို သြဂုတ်လ ၇ ရက်နေ့က ရန်ကုန်မြို့ IBC ခန်းမမှာ ကျင်းပခဲ့ပါတယ်။
သစ်ပင် တထောင် ရှင်သန်အောင် စိုက်ပျိုးနိုင်သူနဲ့ သဘာဝပတ်ဝန်းကျင်ကို ထူးခြားစွာ ထိန်းသိမ်းသူတွေကို ရွေးချယ်ဆုချီးမြှင့်ပေးတာဖြစ်ပြီး ၂၀၁၉ ခုနှစ်အတွက် လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်း ၁၆ ဦးကို ရွေးချယ် ဆုချီးမြှင့်ခဲ့ပါတယ်။
ကမ္ဘာမြေချစ်သူဆုကို ကွယ်လွန်သွားတဲ့ သစ်တောပညာရှင် ဦးအုန်းကနေ ၂၀၁၂ က စတင်ချီးမြှင့်ခဲ့ပြီး ၂၀၁၆ ခုနှစ်အထိ လေးကြိမ် ချီးမြှင့်ခဲ့ပါတယ်။
သစ်တောပညာရှင် ဦးအုန်းရဲ့ ကျန်းမာရေး အခြေအနေကြောင့် ၂၀၁၆ ကစပြီး ချီးမြှင့်ခြင်း မရှိခဲ့ပါဘူး။ ၂၀၁၉ ကစပြီး သစ်တောပညာရှင် ဦးအုန်း မိသားစုနဲ့ ကမ္ဘာမြေချစ်သူ ဆုရွေးချယ်ရေးအဖွဲ့ကနေ ပြန်လည်ပေးအပ်ခဲ့တာပါ။
သစ်တောပညာရှင် ဦးအုန်းဟာ ပုပ္ပားတောင်ကတုံးကို စိမ်းလန်းစေခဲ့ပြီး ဒီရေတောတွေ ရှင်သန်စေခဲ့တဲ့အတွက် ဂျပန်နိုင်ငံကနေ ကမ္ဘာမြေချစ်သူဆုကို ချီးမြှင့်ခံခဲ့ရတာပါ။
ဂျပန်နိုင်ငံကနေ ဦးအုန်းကို ကမ္ဘာမြေချစ်သူဆု ပေးခဲ့တဲ့ အထိမ်းအမှတ်အနေနဲ့ ဦးအုန်း မကွယ်လွန်မီကတည်းက ပြည်တွင်းမှာ ပြန်လည်ဆုချီးမြှင့်ခဲ့တာပါ။
ပဉ္စမအကြိမ် ကမ္ဘာမြေချစ်သူ ဆုရသူများကတော့ –
၁။ စိမ်းလဲ့တောင်ကြားခရီးသွားလုပ်ငန်း၊ ကလောမြို့
၂။ Fridays For Future (Strike for climate Myanmar) ရန်ကုန်မြို့
၃။ Dr သန်းထိုက်စိုး အ.ထ.က ၁၁ အောင်မြေသာဇံ၊ မန္တလေးမြို့
၄။ ဒေါ်ခင်သန်းဖြူ၊ ပန်းချီဆရာမ၊ ရန်ကုန်မြို့
၅။ ဦးသိန်းမော်၊ ဗာတီဗယ်၊ ရန်ကုန်မြို့
၆။ မြတ်နိဗ္ဗာန် သစ်ပင်စိုက်ပျိုးသူများ၊ ရန်ကုန်
၇။ စိမ်းညို့မြိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ နတ္တလင်း
၈။ ဖက်ဆွတ်ဝါးချစ်သူအဖွဲ့၊ ကသာ
၉။ Myanmar Organic Grower၊ ရန်ကုန်
၁၀။ ဦးကျော်မောင်၊ ရန်ကုန်
၁၁။ ဦးလှသိန်း၊ ကဝ
၁၂။ ဦးဝင်းရွှေ၊ ပြည်
၁၃။ ဦးရဲသိန်း၊ ညောင်တုန်း
၁၄။ ဦးဝင်းစိုး၊ ခင်ဦး
၁၅။ ဦးစိန်တိုး၊ တာမွေ
၁၆။ ဖာလိန်ဒေသခံများ၊ အံဒင်၊ မွန်ပြည်နယ်တို့ ဖြစ်ပါတယ်။
DVB






0 comments:
Post a Comment