၂၀၁၉ ခုနှစ်အတွက် အဝေးသင်တက္ကသိုလ် အနီး ကပ် တက်ရမည့်ရက်များနှင့် အတန်းတင်စာမေးပွဲကျင်းပ မည့်ရက်များကို သြဂုတ် ၂၀ ရက်တွင် ရန်ကုန်အဝေးသင် တက္ကသိုလ်က ကြေညာခဲ့သည်။
၂၀၁၉ ခုနှစ် အဝေးသင်တက္ကသိုလ် ပထမအသုတ် အတွက် သိပ္ပံအထူးပြုဘာသာရပ်အားလုံး စာမေးပွဲဖြေဆိုရ မည့်ရက်မှာ အောက်တိုဘာ ၁ ရက်မှ ၈ ရက်အထိဖြစ်ပြီး သင်္ချာ၊ ရူပဗေဒ၊ ဓာတု ဗေဒ၊ သတ္တဗေဒ၊ ရုက္ခဗေဒဘာသာရပ် များပါဝင်ကြောင်း သိရသည်။ဒုတိယအသုတ်အတွက် အနီးကပ်သင်တန်းကို အောက်တိုဘာ ၁၀ ရက်မှ ၂၄ ရက်အထိဖြစ်ပြီး စာမေးပွဲ ဖြေဆိုရမည့်ရက်မှာ အောက်တိုဘာ ၂၈ ရက်မှ နိုဝင်ဘာ ၄ရက်အထိဖြစ်ကြောင်း သိရသည်။
တတိယအသုတ် အနီးကပ်သင်တန်းတက်ရမည့်ရက် မှာ နိုဝင်ဘာ ၆ ရက်မှ ၁၈ ရက်အထိဖြစ်ပြီး စာမေးပွဲဖြေ ဆိုရမည့်ရက်မှာ နိုဝင်ဘာ ၂၀ ရက်မှ ၂၈ ရက်အထိ ဖြစ် ကြောင်း သိရသည်။
၂၀၁၉ ခုနှစ်အတွက် အဝေးသင်တက္ကသိုလ် ဒုတိယအသုတ်တွင် အင်္ဂလိပ်၊ ပထ၀ီဝင်၊ ဒဿနိကဗေဒ၊ စိတ်ပညာ၊ ဥပဒေ၊ အရှေ့တိုင်းပညာ စသည့် ဘာသာရပ်ယူထားသည့် ပထမနှစ်မှ စတုတ္ထနှစ်အထိ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ရမည်ဖြစ်ပြီး တတိယအသုတ်တွင် မြန်မာစာ၊ သမိုင်း၊ စီးပွားရေး၊ စီးပွားစီမံ ဘာသာရပ်ယူထားသည့် ပထမနှစ်မှ စတုတ္ထနှစ်အထိ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ရမည်ဖြစ်ကြောင်း သိရသည်။
သတင်း - အိဟေမာ






0 comments:
Post a Comment