Tuesday, August 20, 2019

အီတလီဝန်ကြီးချုပ် ဂူးဆက်ပ်ကွန်တီ နုတ်ထွက်

Image may contain: 2 people, people standing and suit
အီတလီဝန်ကြီးချုပ် ဂူးဆက်ပ် ကွန်တီဟာ သမ္မတ ဆာဂျီယို မက်တာရယ်လာကို ကတိပေးထားတဲ့အတိုင်း အခုလ ၂၀ ရက်နေ့တုန်းက ဝန်ကြီးချုပ်ရာထူးကနေ နုတ်ထွက်လိုက်ပါပြီ။

သူ့ရဲ့ နုတ်ထွက်မှုဟာ လက်ယာစွန်းရောက် ရွှေ့ပြောင်းနေထိုင်သူ ဆန့်ကျင်ရေး လိဂ်ပါတီနဲ့ ကြယ်ငါးပွင့် လှုပ်ရှားမှု ပါတီ တို့ကြားက ၁၄ လ ကြာ အားပြိုင်မှုကို အဆုံးသတ်သွားစေမှာဖြစ်ပါတယ်။

အခုလ အစောပိုင်းမှာ လိဂ်ပါတီရဲ့ ခေါင်းဆောင် ပြည်ထဲရေးဝန်ကြီး မတ်တီယို ဆဲလ်ဗီနီက ဝန်ကြီးချုပ်အပေါ် အယုံ အကြည်မရှိကြောင်း တင်သွင်းပြီးတဲ့နောက် ဝန်ကြီးချုပ် နုတ်ထွက်ခဲ့တာပါ။

သမ္မတကတော့ ကွန်တီကို ကြားဖြတ်အစိုးရ ရဲ့ အကြီးအကဲအဖြစ် ဆက်နေပေးဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။

Source: Reuters

0 comments:

Post a Comment