Thursday, August 15, 2019

ဂျမူးနှင့် ကက်ရှ်မီးယား အခြေအနေ တည်ငြိမ်နေဟု အိန္ဒိယအရာရှိ ပြော

အထူးအဆင့် ရုပ်သိမ်းထားတဲ့ ဂျမူးနဲ့ ကက်ရှ်မီးယား အခြေအနေဟာ မပြောပလောက်တဲ့ ဖြစ်ရပ်တချို့က လွဲပြီး တည်ငြိမ်နေတယ်လို့ အိန္ဒိယအကြီးတန်း အရာရှိတဦးက သြဂုတ် ၁၄ ရက်နေ့မှာ ပြောလိုက်ပါတယ်။

အိမ်နီးချင်း ပါကစ္စတန်နိုင်ငံကလည်း ပိုင်ဆိုင်တယ်ဆိုပြီး ပြောထားတဲ့ ဒေသကို ထိန်းချုပ်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ အိန္ဒိယအစိုးရဟာ သြဂုတ် ၁၂ ရက်နေ့မှာ ပြည်နယ်ရဲ့ ကိုယ်ပိုင်ဥပဒေ ပြဋ္ဌာန်းခွင့်ကို ရုပ်သိမ်းပြီး ဒေသခံမဟုတ်သူတွေကို အိမ်ရာဝယ်ယူခွင့် ပြုခဲ့ပါတယ်။
အိန္ဒိယအစိုးရက ပုန်ကန်မှုတွေ ဖြစ်ပွားခဲ့တဲ့ အဲဒီဒေသကို ဆက်သွယ်ရေးတွေ ဖြတ်တောက်ပြီး နိုင်ငံရေးနဲ့ တက်ကြွလှုပ်ရှားသူ ၅၀၀ ခန့်ကို ထိန်းသိမ်းခဲ့ပါတယ်။
အဲဒီနောက် များပြားလှတဲ့ ရဲတပ်ဖွဲ့နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ချထားပြီး ဒေသခံ အသွားအလာကို တားဆီးခဲ့ပါတယ်။
အကြီးတန်းအရာရှိတဦးက “အခြေအနေတရပ်လုံး ခြုံပြောရရင် တည်ငြိမ်မှုရှိတယ်ဆိုတဲ့ သတင်းတွေ ရထားပါတယ်။ ဆရီနာဂါ အပါအဝင် ဒေသအတော်များများမှာ တားမြစ်မိန့် ပိုင်းဖြေလျှော့တာတွေ လုပ်ပေးထားပါတယ်။ တချို့နေရာတွေမှာ ဒေသအလိုက် ကွက်ဖြစ်တဲ့ ဖြစ်ရပ်လေးတွေရှိပြီး အဲဒါကိုလည်း ဒေသအဆင့်မှာပဲ ဖြေရှင်းခဲ့ပါတယ်” လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
DVB

0 comments:

Post a Comment