Thursday, August 15, 2019

မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်များ ဂုတ်တွင်းတံတားကို မိုင်းခွဲဖျက်ဆီး ယာဉ်သွားလာမှုများ ရပ်နားထားရ

Image may contain: tree, outdoor and nature
မန္တလေး- မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ် နောင်ချိုမြို့နှင့် ကျောက်မဲလမ်းပိုင်းပေါ်ရှိ ဂုတ်တွင်းတံတားအား မြောက်ပိုင်းမဟာမိတ်ပူးပေါင်းအဖွဲ့များက ယနေ့(သြဂုတ် ၁၅ ရက်) မနက်ပိုင်းက မိုင်းဖျက်ဆီးခဲ့ကြောင်း သိရသည်။

ယနေ့မနက်ပိုင်းက မြောက်ပိုင်းမဟာမိတ်ပူးပေါင်းအဖွဲ့များက ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာ တက္ကသိုလ်နှင့် နောင်ချိုမြို့နယ်ရှိ တပ်ရင်းဌာနချုပ်၊ ပူးပေါင်းစစ်ဆေးရေးဂိတ် စုစုပေါင်း နေရာလေးခုကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ဂုတ်တွင်းတံတားအား မိုင်းခွဲဖျက်ဆီးခဲ့ခြင်းဖြစ်သည်။
“ တံတားထိပ်က ရဲကင်းကိုဝင်ပစ်တယ်၊ အထိအခိုက်ရှိတယ်လို့တော့ကြားတယ်၊ ပြီးတော့ တံတားကိုမိုင်းခွဲလိုက်တာ” ဂုတ်တွင်းတံတားနားတွင် သေနတ်ဒဏ်ရာရှိခဲ့သည့် ယာဉ်မောင်းတစ်ဦးက ပြောသည်။
လက်ရှိအချိန်တွင် ဂုတ်တွင်းတံတားနောင်ချိုမြို့နှင့် ကျောက်မဲလမ်းပိုင်း ပိတ်နေပြီး ခရီးသည်နှင့် ကုန်တင်ယာဉ်များ ရှေ့ဆက်မရဘဲဖြစ်နေကာ တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့များ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသည်ဟု ဒေသခံများထံမှ သိရသည်။
Image may contain: outdoor and nature
Image may contain: plant, outdoor and nature
Image may contain: outdoor and nature
သတင်း - ကိုကို
ဓာတ်ပုံ - မြောက်ပိုင်းကုန်ကားအသင်း
The Standard Time Daily

0 comments:

Post a Comment