
မိုင်းယန်းကျေးရွာအုပ်စု မန်ကောင်းကျေးရွာမှာ မနေ့ည ၈နာရီလောက်က မိုင်းယန်းပြည်သူ့စစ်အိမ်ကို လက်နက်ကိုင်အဖွဲ့တစ်ခုက ဝင်ရောက်ပစ်ခတ်တာကြောင့် မိုင်းယန်းပြည်သူ့စစ်ခေါင်းဆောင် ဦးဝင်းမောင်နဲ့ ဇနီး ဒေါ်အေးမြတို့ သေဆုံးခဲ့ပါတယ်။
ညရှစ်နာရီလောက်မှာ လက်နက်ကိုင်အဖွဲ့က ဦးဝင်းမောင်နေအိမ်ပတ်လည်ကနေ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီးနေအိမ်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
ဒီမနက်မှာ RFA က အခင်းဖြစ်ရာနေအိမ်ကိုရောက်ချိန်မှာ ဦးဝင်မောင်ကို နေအိမ်ရဲ့အိမ်သာအတွင်းမှာ ဒဏ်ရာတွေနဲ့ သေဆုံးနေတာကိုတွေ့ရပြီး ဇနီးဖြစ်သူကတော့ နေအိမ်အဝင်မှာ သေဆုံးနေတာကို တွေ့ရပါတယ်။
နေအိမ်ပတ်လည်မှာ မပေါက်ကွဲသေးတဲ့လက်ပစ်ဗုံးနဲ့ လက်နက်ကျည်တွေကိုတွေ့ရပါတယ်။ မြေးဖြစ်သူကတော့ လွတ်မြောက်ခဲ့ပါတယ်။



Photo: Kan Thar/RFA






0 comments:
Post a Comment