Wednesday, August 14, 2019

မွန်နှင့်ကရင်ပြည်နယ်တွင် ရေဘေးအန္တရယ် ကြုံနေသော်လည်း ကရင်ပြည်နယ် ရဘေးမစိုးရိမ်ရဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ပြောကြား

Image may contain: outdoor and water
မြန်မာနိုင်ငံအတွင်းရှိမွန်ပြည်နယ်နှင့်ကရင်ပြည်နယ်တို့ တွင်သဘာဝဘေးအန္တရယ်ဖြစ် သောရေကြီးရေလျှံမှုများကြုံတွေ့လျက်ရှိနေသော်လည်းကရင်ပြည်နယ်သည် စိုးရိမ်စရာအခြေအနေမရှိကြောင်းကရင်ပြည်နယ်မြဝတီမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအိုက်ကျန်ခမ်းက သြဂုတ် ၁၄ ရက်တွင်ပြောသည်။

"ကျွန်တော်တို့ ပြည်နယ်ကမြို့နယ်အချို့မှာ ရေကြီးရေလျှံမှုအနည်းငယ်ရှိပေမယ့်ပြည်နယ်ဝန်ကြီးချုပ်အပါအဝင်လွှတ်တော်ကိုယ်စား လှယ်တွေ ဌာနဆိုင်ရာဝန်ထမ်းတွေ ပူးပေါင်းပြီးကူညီကယ်ဆယ်မှုတွေ လုပ်နေပါတယ် ကျွန်တော်တို့ ပြည်နယ်ကစိုးရိမ်စရာ အခြေအနေမရှိပါဘူး၊ ကြိုတင်ပြင်ဆင်မှုတွေကလည်း တော်တော်လေးလုပ်ထားပါတယ်" ဟု ၎င်းကပြောသည်။
မြမ်မာနိုင်ငံသည်သဘာဝဘေးအန္တရယ်များကိုနှစ်စဉ်ကြုံတွေ့ခံစားနေရပြီး အဓိကပြဿနာအရင်းခံမှာ သစ်တောများ မဆင်မခြင်ခုတ်ပစ်၍ သဘာဝပတ်ဝန်းကျင် ပျက်စီးလာရခြင်းဖြစ်ပြီး ယခုကဲ့သို့ဘေးအန္တရယ်များ ခံစားနေရခြင်းဖြစ်ကြောင်းကိုလည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်များက သုံးသပ်ထားကြသည်။
"ကူညီကယ်ဆယ်ရေးတွေကရှိပေမယ့် ပြင်ဆင်မှုအားနည်းတော့ ဒေသခံပြည်သူတွေ ဒုက္ခရောက်တာပေါ့။ ရေကပြန်ကျတာ မရှိသေးဘူး။ တော်တော်များများတော့ ဒီဘက်အပိုင်းတွေရေမြှပ်နေပြီ" ဟု ကရင်ပြည်နယ်ကြာအင်းဆိပ်ကြီးမြို့နယ်မှေ ဒေသခံဖြစ်သူ ဒေါ်နန်းမူက ပြောသည်။
သဘာဝဘေးအန္တရယ်သည်ယခုနှစ်တွင် ရေဘေးအပြင်မြေပြိုမှုဒုက္ခပါအကြီးအကျယ်ခံစားနေရပြီးလူပေါင်းများစွာအသက်သေဆုံးမှု များစွာဖြစ်ပေါ်လျက်ရှိနေကြောင်းသိရသည်။
"ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်ဟာ ရေကြီးရေလျှံမှုဒုက္ခကို ထပ်မံခံစားရဦးမယ့် အနေအထားရှိနေတော့ ကျွန်တော်တို့ ဒေသခံတွေ အနေနဲ့ စိုးရိမ်မှုက ပိုများတာပေါ့" ဟု ကရင်ပြည်နယ်ဘားအံဒေသခံတစ်ဦးဖြစ်သူ ကိုစောဒေးဗစ်ကပြောသည်။
ကရင်ပြည်နယ်တွင် ကြာအင်းဆိပ်ကြီး၊ ဘားအံ၊ လှိုင်းဘွဲ့၊ ကျုံဒိုးမြို့နယ်များသည် ရေကြီးရေလျှံမှုဒုက္ခများကို ခံစားနေရပြီး ရေဘေးရှောင်စခန်း၂ဝကျော်ဖွင့်လှစ်ထားရပြီး အိမ်ထောင်စုပေါင်း ၂၀၀ဝ ကျော်မှာ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်နေရကြောင်း သိရသည်။
Image may contain: sky, cloud, outdoor, nature and water
Image may contain: outdoor

ကိုဖူးသစ်

0 comments:

Post a Comment