Tuesday, August 13, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်နိုင်ငံ အောက်လွှတ်တော် အမတ်နှင့် ကိုယ်စားလှယ် အဖွဲ့တို့ တွေ့ဆုံ၊ ပညာရေး၊ မသန်စွမ်းသူများအရေးနှင့် အခြားကဏ္ဍများဆွေးနွေး

Image may contain: 2 people, people sitting and indoor

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်နိုင်ငံ၊ လွှတ်တော်၏ အောက်လွှတ်တော်အမတ် မစ္စတာ မာစာဟီတိုမိုရီယာမ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား သြဂုတ် ၁၃ ရက်၊ နံနက်(၁၀)နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံရာတွင် ဂျပန်နိုင်ငံ၏အကူအညီဖြင့် မြန်မာနိုင်ငံတွင် ဆောင်ရွက် လျက်ရှိသည့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စီမံကိန်းများ ဖော်ဆောင်ရေး ကိစ္စ၊ မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသည့် သဘာဝဘေး အန္တရာယ်များ ဟန့်တား လျော့ချ သွားရေးကိစ္စ၊ အသက်မွေးဝမ်း ကျောင်း ပညာရေး အစီအစဉ်များနှင့် ပညာရေး ကဏ္ဍပြုပြင်ပြောင်း လဲရေး ကိစ္စ၊မြန်မာနိုင်ငံရှိ မသန်စွမ်းသူများ အသုံးပြုရန် အတွက် ခြေတု လက်တု များတပ်ဆင်ပေးသွားနိုင်ရေး၊ပညာရေးနှင့် အလုပ်အကိုင် အခွင့် အလမ်း များ ဖန်တီးပေးသွားရေးကိစ္စနှင့်မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင် ကူးပြောင်း ရေးတွင် ဆက်လက်ကူညီပံ့ပိုး ပေးသွားရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

Credit - MSCO
The Ladies News

0 comments:

Post a Comment