မြန်မာနိုင်ငံအထက်ပိုင်း တွင် ရေကြီးရေလျှံမှု စတင်ကြုံ တွေ့ပြီးနောက် အခြားဒေသများ အတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ဝန်ကြီးဌာနများ နှင့် တိုင်းနှင့် ပြည်နယ်အစိုးရအဖွဲ့ က စနစ်တကျချိတ်ဆက်ဆောင် ရွက်နိုင်ခဲ့ကြောင်း ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ ပြောစကားသည် မြေပြင်အခြေအနေနှင့် လွဲ ချော်နေကြောင်း သဘာဝဘေး သင့်ဒေသရှိ လူမှုရေးအဖွဲ့များနှင့် ဘေးသင့်ပြည်သူများက ဝေဖန် ထောက်ပြသည်။
အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော် မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင် နရီဗန်ထီးယူက ရေကြီးရေလျှံမှု နှင့် မြေပြိုဘေးကျရောက်ခဲ့သည့် ဒေသများသို့ ဩဂုတ် ၁၀ ရက်မှ ၁၂ ရက်အတွင်း သွားရောက်ပြီး နောက် နေပြည်တော်တွင် ပြည် ထောင်စုဝန်ကြီးများနှင့် ပြုလုပ် သည့် အစည်းအဝေးတွင် ‘မြန်မာ နိုင်ငံ အထက်ပိုင်းဒေသများ၌ ရေကြီးရေလျှံမှုများ စတင်ဖြစ်ပွား ကတည်းက ဆက်လက်ဖြစ်ပေါ် လာနိုင်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ခဲ့သဖြင့် အရေးပေါ်တုံ့ပြန်မှု လုပ်ငန်းများ ကို ဝန်ကြီးဌာနများ၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များအနေဖြင့် စနစ် တကျချိတ်ဆက်ဆောင်ရွက်နိုင်ခဲ့ ကြောင်း’ ပြောကြားချက်ပါဝင် သည့်သတင်းကို နိုင်ငံပိုင်သတင်း စာနှင့် သမ္မတရုံး လူမှုကွန်ရက်စာ မျက်နှာတွင် ဩဂုတ် ၁၅ ရက်က ထုတ်ပြန်ခဲ့သည်။
သဘာဝဘေးသင့်သည့် ဒေသများသို့ သွားရောက်ခဲ့သည့် ခရီးစဉ်တွေ့ရှိချက်များနှင့် ပတ် သက်၍ ဩဂုတ် ၁၄ ရက်က ပြု လုပ်သည့် သုံးသပ်ညှိနှိုင်းအစည်း အဝေးတွင် ဒုတိယသမ္မတ ဦးဟင် နရီဗန်ထီးယူက အထက်ပါအ တိုင်း ပြောကြားခြင်းဖြစ်သည်။
‘‘ဘာမှ ကြိုတင်ပြင်ဆင်တာ မရှိဘူး။ ကယ်ဆယ်ရေးလှေတွေ၊ မိုက်နဲ့ လူတွေကို ထွက်ကြဖို့ ကြေ ညာတာတွေမရှိဘူး။ ဖြစ်တော့ လည်း ထမင်းထုပ်နဲ့ ရေတောင် နပ်မှန်အောင် မဝေနိုင်ဘူး။ ပြန် လည်ထူထောင်ရေးမှာ စီမံခန့်ခွဲမှု ဘယ်လောက်ညံ့ဖျင်းလဲဆိုရင် ထမင်းထုပ်တွေ ဒုက္ခသည်တွေ ဆီ ရောက်အောင်မဝေနိုင်ဘဲ သိုး ကုန်လို့ ကားနဲ့တင်ပြီး ပစ်ချရတဲ့ အထိပဲ’’ဟု ဩဂုတ် ၁၀ ရက်နှင့် ၁၁ ရက်က ဆိုးရွားသော ရေဘေး ကြုံတွေ့ခဲ့သည့် မွန်ပြည်နယ် ရေး မြို့ဒေသခံ ကိုရန်ပိုင်က ပြော သည်။
ရေးမြို့တွင် ပင်လယ်ဒီရေ ရုတ်တရက်တက်လာပြီး နှစ် ၃၀ ခန့်အတွင်း အဆိုးရွားဆုံးရေဘေး ကို ဒေသခံများ ကြုံတွေ့ခဲ့ရသည်။ လေးရက်ခန့်အတွင်း နှစ်ကြိမ် ရေတက်ခြင်းဖြစ်ပြီး ဌာနဆိုင်ရာ တာဝန်ရှိသူများက ရေဘေးကြို တင်ကာကွယ်ရေး ပြင်ဆင်ခဲ့ခြင်းမရှိဟု ကိုရန်ပိုင်က ဝေဖန်သည်။
‘‘ဌာနဆိုင်ရာ တာဝန်ရှိသူ တွေကတော့ အားမနာတမ်းပြော ရရင် ကြိုတင်စီမံခန့်ခွဲမှု အတော် လေး ညံ့တယ်’’ဟု ကိုရန်ပိုင်က ဆိုသည်။
နိုင်ငံတော်အဆင့် တာဝန်ရှိ သူများသည် သဘာဝဘေးတုံ့ ပြန်ရင်ဆိုင်ရာတွင် ဘေးသင့် ဒေသများသို့ အမြန်ဆုံးသွား ရောက်၍ အကူအညီများပေးနေ သော်လည်း ဘေးသင့်ဒေသ၏ မြေပြင်သတင်းအချက်အလက် များကို အပြည့်အစုံရယူနိုင်ခြင်း မရှိသည်မှာ သိသာသည်ဟု မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အရပ် ဘက်မဟာမိတ်အဖွဲ့ (တနင်္သာရီ တိုင်း အလုပ်အဖွဲ့)မှ ကိုအောင် လွင်က ပြောသည်။
‘‘အစိုးရက အောက်ခြေကို အတိုင်းအတာတစ်ခုပဲ ရောက် တယ်။ သဘာဝဘေးကို ဘယ်လို တုံ့ပြန်မလဲဆိုတာတော့ အသေး စိတ်ပြန်လုပ်ဖို့ အရေးကိုကြီး တယ်’’ဟု ကိုအောင်လွင်က ပြော သည်။ ဒေသတွင်း လမ်းပန်းဆက် သွယ်ရေးတွင် အရေးပါသော မလွှဲတောင်လမ်းပိုင်း ပြိုကျပျက် စီးမှုကို အင်တိုက်အားတိုက် လုပ် ဆောင်နေသည်ကို တွေ့ရသော် လည်း ဘေးသင့်ဒေသများသို့ ကူညီထောက်ပံ့ရေး လုပ်ဆောင် ချက်များ၌ လိုအပ်ချက်များရှိခဲ့ သည်ဟု ၎င်းက ပြောသည်။
ယခုနှစ်အတွင်း ဇူလိုင်မှ ဩဂုတ်အတွင်း ရေဘေးတွင် ကချင်ပြည်နယ် ဆဒုံးမြို့၊ မွန်ပြည် နယ် ရေးမြို့နှင့် မော်လမြိုင်မြို့၌တောင်ကျရေဆင်းခြင်းနှင့် ပင်လယ် ဒီရေတက်ခြင်းတို့ကြောင့် ဆိုးရွားသော ဘေးဒုက္ခ ကြုံခဲ့ရသည်။ ယင်းဖြစ်ရပ်များတွင် ကြိုတင်ကာကွယ်ရေး အသင့်မ ဖြစ်ခဲ့ဟု ဒေသခံများက ပြော သည်။
7Day






0 comments:
Post a Comment