ကချင်ပြည်နယ် မိုးညှင်းမြို့နဲ့ ၈ မိုင်ခန့် ကွာဝေးတဲ့ အုံးစံဆိုင်ရွာမှာ သြဂုတ် ၅ ရက်ည ၉ နာရီလောက်ကနေ ၁၂ နာရီလောက်အထိ လေဆင်နှာမောင်းပုံစံ လေပြင်းတိုက်ခတ်ပြီး မိုးကြိုးပစ် မိုးရွာသွန်းခဲ့ပါတယ်။
အဲဒီလေပြင်းအတွင်း ကျေးရွာထဲက အိမ် ၂၂ လုံး ပြိုကျခဲ့ပြီး အမိုးတွေ လွင့်ပါသွားသလို စပါးကျီတိုက်တွေလည်း ပျက်စီးကုန်တယ်လို့ ရွာသားတွေက ပြောပါတယ်။ နှစ်ပေါင်း ၆၀ ကျော်အတွင်း ဒီတခါ လေပြင်းတိုက်တာမျိုး မကြုံခဲ့ဖူးဘူးလို့ ဒေသခံ ဦးဘရွှေက ပြောပါတယ်။
အိမ်ပြိုလဲသူ ဒေါ်မြင့်ဌေးက “ည ၁၁ နာရီလောက်တော့ အိမ်ကြီး ပြိုလဲသွားပါတယ်။ အပြေးသန်လို့သာ လူတွေ မထိခိုက်တာပါ။ သူများအိမ်မှာ သွားစုနေခဲ့ရပါတယ်” လို့ ပြောပါတယ်။
“လျှပ်စစ်မီးကြိုးတွေ မီးပွင့်ကုန်တယ်၊ အိမ်ခေါင်မိုးသွပ်တွေက နေရာအနှံ့ လွင့်ကုန်တယ်၊ လေပွေလို တိုက်ခတ်သွားပါတယ်” လို့ ရွာသား ဦးမြအောင်က ဆိုပါတယ်။
ဒီကနေ့မနက်မှာတော့ အဲဒီကျေးရွာကို မြို့နယ်ထွေအုပ်၊ ရဲတပ်ဖွဲ့၊ မီးသတ်အဖွဲ့တွေ သွားရောက်စစ်ဆေးကာ ကူညီဆောင်ရွက်ပေးနေကြပါတယ်။
သတင်း – မုန်းမုန်းမင်း
DVB






0 comments:
Post a Comment