Tuesday, August 6, 2019

ဂျပန်နိုင်ငံ၏ စီးပွားရေးမူဝါဒကိုမကျေနပ်သဖြင့် တောင်ကိုရီးယားနိုင်ငံသားတစ်ဦး ကိုယ့်ကိုကိုယ် မီးရှို့ဆန္ဒပြ

Image may contain: one or more people and fire
တောင်ကိုရီးယားနိုင်ငံအပေါ် ဂျပန်နိုင်ငံက ချမှတ်ထားသည့် စီးပွားရေးမူဝါဒများအပေါ် မကျေနပ်သဖြင့် တောင်ကိုရီးယားနိုင်ငံသားတစ်ဦးက သြဂုတ်လ ၁ ရက်နေ့က ဆိုလ်းမြို့တွင် ကိုယ့်ကိုကိုယ် မီးရှို့ကာ ဆန္ဒပြခဲ့ကြောင်း တောင်ကိုရီးယား အာဏာပိုင်များက ပြောသည်။

အသက် ၇၂ နှစ်အရွယ်ရှိ တောင်ကိုရီးယားနိုင်ငံသားသည် ဆိုလ်းမြို့လယ်ခေါင်ရှိ ဆီဂျွန်စင်တာနားတွင် မီးရှို့ ဆန္ဒပြခဲ့ခြင်းဖြစ်ကာ မီးသတ်သမားများက မီးကိုအမြန်ငြိမ်းသတ်ခဲ့ရကြောင်း တောင်ကိုရီးယား သတင်းများတွင်ဖော်ပြသည်။
အဆိုပါ တောင်ကိုရီးယားနိုင်ငံသားကို နီးစပ်ရာဆေးရုံသို့ အမြန်တင်ပို့ခဲ့ပြီး သူ၏ အခြေနေမှာ စိုးရိမ်ရသည့် အခြေအနေမျိုးရှိနေကြောင်း တောင်ကိုရီးယား အာဏာပိုင်များက ပြောသည်။
မီးရှို့ဆန္ဒပြခဲ့သော တောင်ကိုရီးယားနိုင်ငံသား ပိုင်အိတ်အတွင်းမှ တောင်ကိုရီးယားနိုင်ငံအပေါ် ဂျပန် နိုင်ငံက ပြုလုပ်သော ကုန်သွယ်ရေး မူဝါဒများကို လက်စားချေမည့်အကြောင်းအရာများပါသည့် စာကိုတွေ့ရှိခဲ့ကြောင်း တောင်ကိုရီးယား ရဲများက ပြောသည်။

သတင်း - ZMO
Ref - Koreajoongangdaily.
ဓာတ်ပုံ - Bilaterals

0 comments:

Post a Comment