Sunday, August 25, 2019

လျှပ်စစ်မီတာ တင်ဒါခေါ်ယူမှုကိစ္စ အဂတိတိုက်ဖျက်ရေးကော်မရှင်ရှေ့ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးရန် လျှပ်စစ်ဒုဝန်ကြီးအား ဖိတ်ခေါ်

Image may contain: 1 person, standing

လျှပ်စစ်မီတာ တင်ဒါခေါ်ယူမှု ကိစ္စ လျှပ်စစ်ဒုတိယဝန်ကြီး ပြောဆိုချက် များ တာဝန်ယူရမည်ဖြစ်သည့်အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော် မရှင်ရှေ့တွင် လွှတ်တော်၊ သက်ဆိုင်ရာ ပညာရှင်များဖြင့် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်အား မျက်နှာချင်းဆိုင် တွေ့ဆုံ ဆွေးနွေးရန် ဖိတ်ခေါ်ကြောင်း Ever Meter ကုမ္ပဏီလီမိတက်၏ မန်နေဂျင်း ဒါရိုက်တာ ဦးမျိုးအောင်က ပြောဆိုသည်။

ဩဂုတ် ၂၅ ရက် မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ရှိ Park Royal ဟိုတယ်တွင် ကျင်းပသည့် လျှပ်စစ်မီတာတင်ဒါကိစ္စနှင့် ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော် တွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူ၏ ပြောကြားချက်များအား ပြန်လည်ရှင်းလင်းတင်ပြခြင်း အခမ်း အနားတွင် ယင်းကဲ့သို့ဖိတ်ခေါ်လိုက်ခြင်း ဖြစ်သည်။
'ဒုတိယဝန်ကြီး ဒေါက်တာထွန်း နိုင်ပြောကြားသွားတာတွေက လွှတ် တော် ထဲမှာ ပထမဖြေရှင်းထားတဲ့ အချက်တွေ နဲ့ လွဲမှားနေတာကို တွေ့မြင်နိုင်ပါတယ်။ ဒါကြောင့်မို့ ဒုတိယဝန်ကြီး ပြောသွားတဲ့ စကားတွေနဲ့ပတ်သက်ပြီး တာဝန်ယူရမှာ ဖြစ်တယ်လို့ ယူဆတဲ့အတွက် စားပွဲပေါ် မှာ ကိုယ့်စကားကိုယ် မျက်နှာချင်းဆိုင် မီတာတင်ဒါတစ်ခု ချင်းစီရဲ့ အချက်အလက် အထောက် အထားတွေနဲ့ ဆွေးနွေးဖို့ ဖိတ်ခေါ်ပါ တယ်။ ကျွန်တော်တို့ မှားရင် ပြင်းပြင်း ထန်ထန် အရေးယူပါ။ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်ဘက်ကမှားရင် ဘယ် လိုတာဝန်ယူမလဲ ပြောကြားတဲ့ အခါမှာ လည်း ကျွန်တော်တို့ ချည်းပဲမဟုတ်၊ လွတ် လပ်ပြီး တရားမျှတတဲ့ အဖွဲ့အစည်းဖြစ်တဲ့ အဂတိ တိုက်ဖျက် ရေးကော်မရှင်ရဲ့ရှေ့မှာ တင်ဒါဆိုင်ရာ အချက်တစ်ခုချင်းအလိုက် ရှင်းလင်း ပြောကြားသွားမှာ ဖြစ်ပါ တယ်'ဟု Ever Meter ကုမ္ပဏီလီမိတက်၏ မန်နေးဂျင်း ဒါရိုက်တာ ဦးမျိုးအောင်က ပြောဆိုသည်။
ဩဂုတ် ၂၁ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် လျှပ်စစ်မီတာများအား တင်ဒါခေါ် ယူရာတွင် Technical အောင်မြင်သူ များအနက်မှ ဈေးနှုန်းအနည်းဆုံးပေး သွင်းသူကိုသာ ရွေးချယ်ခဲ့ပြီး မြန်မာ့စီးပွား ရေးဦးပိုင်လီမိတက်အား ရွေးချယ်မှုမပြု ခြင်းနှင့် ပတ်သက်ပြီး လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်က ရှင်းလင်းတင်ပြပြောဆိုမှုများ အပေါ် ပြန်လည်ရှင်းလင်းတင်ပြခြင်းဖြစ် သည်။
'အခု ကျွန်တော်တို့က တင်ဒါ စည်းကမ်းများအတိုင်း အတိအကျ လိုက်နာဆောင်ရွက်တာကို အများပြည် သူတွေ၊ နိုင်ငံတော်မှ တာဝန်ရှိသူတွေ လွှတ်တော်နာယကနဲ့ ပြည်သူ့ကိုယ်စား လှယ်တွေ ထင်ယောင်ထင်မှားဖြစ်အောင် ပြည်ထောင်စုလွှတ်တော်ထဲမှာ ဒုတိယ ဝန်ကြီး ဒေါက်တာထွန်းနိုင်က မီတာ တင်ဒါကိစ္စနဲ့ပတ်သက်ပြီး ပြောကြား သွားတဲ့ စကားတွေကို တာဝန်ယူရပါလိမ့် မယ်။ ဒါကြောင့် စားပွဲပေါ်မှာ ဒီမိုကရေစီ နည်းကျကျ သိက္ခာရှိရှိ ရှင်းဖို့ ဖိတ်ခေါ်ပါ တယ်'ဟု ၎င်းက ပြောဆိုသည်။
ဩဂုတ် ၂၁ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ၂၀၁၇ ခုနှစ်အတွင်း ခေါ်ယူခဲ့သည့် တင်ဒါတစ်ခုတွင် ယှဉ်ပြိုင်သူ ခြောက်ဦး အနက် ကုမ္ပဏီနှစ်ခုသာ နည်းပညာပိုင်း ဆိုင်ရာ အောင်မြင်ခဲ့ပြီး ယင်းကုမ္ပဏီ နှစ်ခု၏ ဈေးနှုန်းကို ယှဉ်ပြိုင်သူအားလုံး ရှေ့တွင်ဖွင့်ဖောက်ရာ Alpha Power အမည်ရှိ ကုမ္ပဏီက ကျပ် ၈ ဒသမ ၁ ဘီလီ ယံခန့်ဖြစ်ပြီး မြန်မာ့စီးပွားရေးဦးပိုင်၏ ဈေးနှုန်းသည် ကျပ် ၁၃ ဒသမ ၄ ဘီလီယံ ခန့်ဖြစ်ကြောင်း၊ မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်၏ အမည်ဖြင့် ဝင်ရောက်ယှဉ် ပြိုင်သည့် ကုမ္ပဏီမှာ ယှဉ်ပြိုင်ဘက်ထက် ဈေးနှုန်းကျပ် ၅၃၄၃ သန်း ပိုများနေ၍ တင်ဒါရှုံးသည်ကို သဘောပေါက်သွားပြီး ပြည်ထောင်စုဝန်ကြီးထံသို့ ကုမ္ပဏီတစ်ခု ၏ အမည်ဖြင့် ယင်းတင်ဒါကို ပြန်လည် စိစစ်ပေးရန် ကန့်ကွက်စာ ပေးပို့ခဲ့ ကြောင်း၊ ယင်းကဲ့သို့ ကန့်ကွက်စာပေးပို့ မှုအပေါ် Alpha Power ကုမ္ပဏီက ပြည်ထောင်စုဝန်ကြီးအား ယှဉ်ပြိုင်မှု ရလဒ်အတိုင်း အတည်ပြုပေးရန် ပေးပို့ခဲ့ ကြောင်း၊ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်
မှ ၎င်းတို့၏ မီတာများကို ဦးစားပေး ရွေး ချယ်ရန် ပြည်ထောင်စုဝန်ကြီးထံ ထပ်မံ တင်ပြမှုများရှိကြောင်း လျှပ်စစ်နှင့် စွမ်း အင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက် တာထွန်းနိုင်က ရှင်းလင်းတင်ပြခဲ့ခြင်း ဖြစ်သည်။

အဆိုပါ လျှပ်စစ်မီတာ တင်ဒါ ခေါ်ယူမှု ကိစ္စနှင့်စပ်လျဉ်းပြီး အဂတိလိုက် စားမှုတိုက်ဖျက်ရေးကော်မရှင်ထံ ယခင် နှစ်က Ever Meter ကုမ္ပဏီလီမိတက် မှ တိုင်ကြားထားကြောင်းသိရပြီး လျှပ်စစ် နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနှင့် ဒုတိယဝန်ကြီးအပါအဝင် ၎င်းတို့၏ ဇနီးများ၏ ငွေစာရင်းများကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ဇူလိုင်လအတွင်းက ဝင်ရောက်စစ် ဆေးခဲ့ကြောင်း သိရသည်။
သတင်း၊ ဓာတ်ပုံ - တိုးအောင်(မြန်မာ့မြေ)

0 comments:

Post a Comment