မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့၊ အမှတ်၃ရပ်ကွက်မှာ သြဂုတ် ၂၅ရက်က အငြိမ်းစားရဲတပ်ကြပ်တဦး ဗွက်အိုင်ထဲပြုတ်ကျနေတဲ့ ဝါယာကြိုးကို ကိုင်မိလို့ ဓာတ်လိုက်သေဆုံးသွားတယ်လို့ ဝမ်းတွင်းမြို့မရဲစခန်းက ပြောပါတယ်။
အငြိမ်းစားရဲတပ်ကြပ်ဦးဖုန်းမြင့်ဇော် (၅၅နှစ်) နေထိုင်ရာ အိမ်ရှေ့ရှိ ဗွက်အိုင်ထဲ ပြုတ်ကျနေတဲ့ ဝါယာကြိုးကို ဓာတ်တိုင်ပေါ်တင်ဖို့ ကောက်ကိုင်လိုက်ရာက ဓာတ်လိုက်ပြီး သေဆုံးသွာတာလို့ ဝမ်းတွင်းမြို့မရဲစခန်း ဒုရဲအုပ်ကျော်စွာက ပြောပါတယ်။
“လျှပ်စစ်ဝါယာကြိုးတွေ ပြုတ်ကျပြတ်တောက်မှုကို တွေ့ရင် လျှပ်စစ်ရုံးကို အကြောင်းကြားပါလို့ လျှပ်စစ်ရုံးက ပြောတယ်။ အခုလည်း ဘာမှ မဖြစ်လောက်ဖူးထင်ပြီး ကောက်ကိုင်လိုက်တာဖြစ်မယ်။ ဝမ်းဗိုက်ညာဘက်ဘေးမှာ ဓာတ်လိုက်လို့ ညိုမဲသွားတဲ့ ဒဏ်ရာ တချက်တွေ့တယ်” ပြောပါတယ်။
ဦးဖုန်းမြင့်ဇော် ဓာတ်လိုက်ပြီး သေဆုံးတာဟာ ဓမ္မတာအတိုင်း သေဆုံးတာ ဟုတ်မဟုတ် စုံစမ်းစစ်ဆေးဖို့ ဝမ်းတွင်းမြို့မရဲစခန်းမှာသေမှု သေခင်း အမှုဖွင့်ထားပါတယ်။
DVB






0 comments:
Post a Comment