စပိန်နိုင်ငံ ကနေရီကျွန်းပေါ်က ဂရန်း ကနာရီယာမှာ သြဂုတ် ၁၉ ရက်နေ့အထိ တောမီး ဆက်လောင်နေပြီး လူပေါင်း ၉,၀၀၀ ကျော်ကို ဘေးလွတ်ရာ ပြောင်းရွှေ့ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
မီးတောက်တွေဟာ မီတာ ၅၀ လောက် မြင့်မားပြီး တောမီးကို လေယာဉ်နဲ့ ရဟတ်ယာဉ် ၁၆ စီး၊ မီးသတ်သမား ၁,၀၀၀ ကျော်နဲ့ ငြှိမ်းသတ်နေတယ်လို့ သိရပါတယ်။
အဲဒီတောမီးဟာ သြဂုတ် ၁၇ ရက်နေ့က တဟဲဒါမြို့အနီးမှာ စတင်လောင်ခဲ့ပြီး အပူူချိန်မြင့်မားတာ၊ လေပြင်းတိုက်တာနဲ့ စိုထိုင်းစ နည်းတာကြောင့် အဘက်ဘက်ကို ပျံ့နှံ့သွားပါတယ်။
အခုချိန်မှာတော့ တောမီးဟာ ကမ္ဘာလှည့်ခရီးသည်တွေနဲ့ စည်ကားတဲ့ ကမ်းရိုးတန်း ဧရိယာထက် တောင်ထူထပ်ရာအပိုင်းမှာ လောင်ကျွမ်းနေပါတယ်။
တောမီးကြောင့် သစ်တောဟက်တာ ၆၀၀၀ ကျော် လောင်ကျွမ်းခဲ့ပြီး အခုဆိုရင် တောမီးဟာ အနောက်မြောက်ပိုင်း တမ်မာဒါဘာ အမျိုးသားဥယျာဉ်ကို ကူးစက်နေပါတယ်။
အဲဒီ အမျိုးသားဥယျာဉ်မှာ သက်တမ်းအရင့်ဆုံး ထင်းရှူးတောတွေရှိပြီး မီးငြှိမ်းသတ်ဖို့ ရှုပ်ထွေးတဲ့ နေရာတခုအဖြစ် ရှုမြင်ထားပါတယ်။
DVB






0 comments:
Post a Comment