လျှပ်စစ်မီတာခများ တိုးမြှင့်ကောက်ခံမှုအပေါ် ကန့်ကွက်ဆန္ဒပြမှုကို ပြည်သူအချို့က ယမန်နေ့တွင် ဒဂုံမြို့သစ်တောင်ပိုင်း၌ ပြုလုပ်ခဲ့သည်။
ပြည်သူများ ဝန်ထုပ်ဝန်ပိုး မဖြစ်ပေါ်ရေးခေါင်းစဉ်ဖြင့် ပြုလုပ်သည့် အဆိုပါ ကန့်ကွက်ဆန္ဒပြ မှုကို ဒီမိုကရေစီ အရေးတက်ကြွ လှုပ်ရှားသူအချို့က ဦးဆောင်ပြု လုပ်ခြင်း ဖြစ်သည်။ သြဂုတ် ၂၂ ရက် ညတွင် ဆန္ဒပြသူများက မီး ထွန်းထားသော ဖယောင်းတိုင် များ ကိုင်ဆောင်၍ ဒဂုံမြို့သစ် တောင်ပိုင်းရှိ ၅၆ လမ်းဆုံမှ မြို့ နယ်လျှပ်စစ် မန်နေဂျာရုံးအထိ ချီ တက်ဆန္ဒထုတ်ဖော်ခဲ့သည်။
‘‘ပြည်သူတွေ အားလုံးအ ဆင်ပြေ ရေးအတွက် လုပ်ဆောင် ပေးခြင်း ဖြစ်ပါတယ်။ မီတာခနဲ့ပတ်သက်ပြီး ပြောချင်နေတဲ့ ပြည်သူတွေ ရှိတယ်။ သူတို့ပြောခွင့် ရအောင် ဖန်တီးပေးခြင်းလည်း ဖြစ်တယ်’’ဟု ယမန်နေ့က ကန့်ကွက်ဆန္ဒပြရာတွင် ဦးဆောင်သောဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ကိုနောင်နောင်က ပြော ကြားသည်။
လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံမှုကြောင့် အခြေခံလူတန်းစား ပြည်သူများအနေဖြင့် ဝန်ထုပ်ဝန်ပိုး ဖြစ်နေကြောင်း ၎င်းက ဆိုသည်။
‘‘မီတာခတက်တာ ပြန်ပြီး ဖြေလျှော့ပေးစေချင်တယ်။ အခုဆို မီတာခက ပုံမှန်ထက် တစ်ဝက်လောက်ပို ဆောင်ရမှာ။ အဲကွန်းဖွင့်တာတွေ၊ မီးထွန်းတာတွေပါ လျှော့ပြီး သုံးနေရတယ်’’ဟု ကမာရွတ်မြို့နယ် အမှတ်(၃)ရပ်ကွက် နေ ဒေါ်အေးအေးမာက ပြော ကြားသည်။
လျှပ်စစ်မီတာခများ တိုးမြှင့်ကောက်ခံမှုအပေါ် ကန့်ကွက်ဆန္ဒပြမှုကို ဇူလိုင်က ရန်ကုန်တိုင်းရှိ မြို့နယ်အသီးသီးတွင် ပြုလုပ်ခဲ့သည်။ထိုစဉ်က ကန့်ကွက်ဆန္ဒပြပွဲများကို ပြည်ခိုင်ဖြိုးပါတီဝင် အချို့နှင့် အမျိုးသားရေးလှုပ်ရှားသူဟု ဆိုသူများက ပြုလုပ်သည်။
မီတာခတိုးမြှင့်သော်လည်း စနစ်တကျသုံးစွဲပါက ၀န်ထုပ်ဝန်ပိုး မဖြစ်နိုင်ဟုလည်း ရန်ကုန်မြို့ နေပြည်သူအချို့က မှတ်ချက်ပြု သည်။
လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးမှု တိုးချဲ့ရေး၊ မဟာဓာတ်အားလိုင်းစနစ်မှ လျှပ်စစ်မီး မရရှိသေးသည့် ဒေသများ လျှပ်မီးရရှိရေး ဆောင်ရွက်နိုင်ရန် လျှပ်စစ်မီတာခများကို တိုးမြှင့်ကြောင်းလျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာ နက ဇွန်လ ၂၅ ရက်တွင် ကြေ ညာသည်။
ထိုသို့ တိုးမြှင့်ရန်နယ်ပယ်အ သီးသီးမှ ကိုယ်စားလှယ်များ၊အ ဖွဲ့အစည်းများဖြင့် တွေ့ဆုံဆွေး နွေးကာ အကြံပြုချက်ရယူဆောင် ရွက်ခဲ့သည်ဟု ၀န်ကြီးဌာန က ထုတ်ပြန်ထားသည်။ ထိုသို့တိုးမြှင့်ကောက်ခံမှုကို ပြည်ထောင်စုအစိုးရ၏ သဘောတူညီ ချက်ကို ၂၀၁၉ ဧပြီက ရရှိပြီးဖြစ်သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။
လျှပ်စစ်မီတာခ တိုးမြှင့်နှုန်း ထားကို ဇူလိုင် ၁ ရက်တွင် စတင် ကောက်ခံနေပြီ ဖြစ်သည်။
တိုးမြှင့်လျှပ်စစ် မီတာခ နှုန်းအရ ယူနစ် ၃၀ အထိသုံးစွဲ သည့် နေအိမ်သုံး မီတာခကို တစ်ယူနစ် ၃၅ ကျပ်၊ ယူနစ် ၅၀ သုံးပါက တစ်ယူနစ် ကျပ် ၅၀ နှင့် ယူနစ် ၁၀၀ အထိသုံးစွဲလျှင် တစ်ယူနစ် ကျပ် ၉၀ ကျသင့်မည် ဖြစ်သည်။ ယူနစ် ၂၀၀ နှင့်အထက် တစ်ယူနစ် ၁၂၅ကျပ် ကောက်ခံမည် ဖြစ်သည်။
စီးပွားရေးလုပ်ငန်းသုံးမီတာများတွင် ယခင်က ယူနစ်ငါးသောင်းအထိ သုံးစွဲလျှင် တစ်ယူနစ် ကျပ် ၁၀၀၊ ယခု တစ်ယူနစ် ၁၆၅ ကျပ်ဖြင့် ပြောင်းလဲခဲ့သည်။
7Day






0 comments:
Post a Comment