Thursday, August 22, 2019

ဂုတ်တွင်း ယာယီဘေလီတာံးကပ်လျက်တွင် နှစ်လမ်းသွား သံကူ ကွန်ကရစ် တံတား အမြန်ဆုံးတည်ဆောက်မည်

Image may contain: plant, outdoor and nature

ဂုတ်တွင်း ယာယီဘေလီတံတား နှင့်အပြိုင် နံဘေးတွင် နှစ်လမ်းသွား သံကူကွန်ကရစ် တံတား (၁)စင်းကို အမြန်ဆုံး တည်ဆောက်နိုင်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန က လိုအပ်သည်များကို ဆောင်ရွက်နေပြီ ဖြစ်ပါသည်။

ဂုတ်တွင်း တံတားအသစ် တည်ဆောက်ပြီးစီးပါက လက်ရှိ အသုံးပြု နေသော ယာယီဘေလီတံတားကို ဖြုတ်သိမ်းသွားမည် ဖြစ်ပါသည်။
ပျက်စီးသွားသော ဂုတ်တွင်း တံတားဟောင်း၏ ကျိုးသွားသည့် သံကူ ကွန်ကရစ် ယက်မများ (RC Girder) အစားထိုးခြင်း နှင့် ပျက်စီး သွားသော တံတားတိုင်များ (RC Pier and RC Top Beam) အသစ် ပြန်လည်တည်ဆောက်ခြင်း တို့ကို ဆောင်ရွက်မည်ဖြစ်၍ ခိုင်မာတောင့် တင်းသော တံတားတစ်စင်း ရရှိလာမည် ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ဂုတ်တွင်း တံတားအသစ်(၁)စင်း တည်ဆောက်ခြင်းနှင့် မူလ ဂုတ်တွင်း တံတားဟောင်း (၁)စင်းအား ပြန်လည် ပြင်ဆင်ပြီးစီးပါက နှစ်လမ်းသွား တံတား(၂)စင်း ရရှိလာမည်ဖြစ်ရာ အဓိက ကုန်သွယ်ရေး လမ်းမကြီး ဖြစ်သော မန္တလေး - နောင်ချို - လားရှိုး - မူဆယ် လမ်းမကြီး ပေါ် ဂုတ်တွင်း တွင် အသွား/အပြန် အသုံးပြုနိုင်မည့် (၄)လမ်းသွား သံကူ ကွန်ကရစ်တံတား အဖြစ် ခရီးသွားပြည်သူများနှင့် ကုန်စည်များ စီးဆင်း ဖြတ်သန်းနိုင်မည် ဖြစ်ပါကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဌာနက အသိပေးထားသည်။
Image may contain: outdoor and text
Image may contain: mountain, sky, outdoor and nature
Image may contain: one or more people, mountain, outdoor and nature
Image may contain: mountain, sky, outdoor and nature
The Ladies News

0 comments:

Post a Comment