Thursday, August 22, 2019

ကျောင်းချိန်တိုးမြှင့်လိုက်ခြင်းကြောင့် ကျောင်းသားများကိုယ်ခံအား ကျဆင်း၍ H1N1နှင့် ဆင်တုတ်ကွေး ရောဂါများဖြစ်နေဟုဆို

ကျောင်းချိန်တိုးမြှင့်လိုက်ခြင်းကြောင့် ကျောင်းသား၊ကျောင်းသူများ ကိုယ်ခံအားကျဆင်း၍ H1N1ရောဂါနှင့် ဆင်တုတ်ကွေးရောဂါတို့ဖြစ်နေကြောင်း စားသုံးသူကာကွယ်ရေးအသင်းဥက္ကဌ ဦးဗအုပ်ခိုင်က ပြောကြားခဲ့ကြောင်းသိရသည်။

အခြေခံပညာ၂ ချိန်သင်ကျောင်းများကို ယခင်ကတစ်ချိန်လျှင်မိနစ် ၄၀ဖြင့် ၇ချိန်သင်ကြားရပြီး ဆဋ္ဌမတန်း သင်ရိုးပြောင်းလဲမှုကြောင့် ပညာရေးဝန်ကြီးဌာန အခြေခံပညာမှ တစ်ချိန်လျှင်မိနစ်၄၀ နှင့် ၈ချိန်သင်ကြား ရသည့် စနစ်ကိုပြောင်းလဲလိုက်ခြင်းကြောင့်ဖြစ်သည့်အတွက် ယခုကဲ့သို့ကျန်မာရေးထိခိုက်လာသည် ကိုတွေ့ရသည်ဟု ၄င်းကပြောသည်။
"ဇူလိုင်လ၊ ၁ရက်နေ့ကနေစပြီးတော့သူတို့က ဆဋ္ဌမတန်းသင်ရိုးပြောင်းတဲ့အတွက်စပြီး အချိန်တွေကိုပြောင်းလဲ လိုက်တာ။ဆရာတို့သိသလောက် မြေပြင်အခြေနေမှာ ၇ချိန်သင်တာကနေ ၈ချိန်ပြောင်းလိုက်တော့ ကျောင်း သားတွေက ၆နာရီခွဲလောက်ကျောင်းကိုအရောက်သွားရတယ်။ကလေးတွေကကျောင်းကမှီအောင် ၄နာရီခွဲ လောက်ထားရတယ် နေ့စဉ်ရက်ဆက်ဆိုတော့ ကိုယ်ခံအားတွေကျပြီး H1N1တို့ဆင်တုတ်ကွေးတို့ဖြစ်ပြီး ဆေးရုံတက်ရတာတွေရှိတယ်"ဟု စားသုံးသူကာကွယ်ရေးအသင်းဥက္ကဌ ဦးဗအုပ်ခိုင်ကပြောသည်။
ကျောင်းချိန်များတို့သည့်အတွက် စားသုံးသူကာကွယ်ရေးအသင်းမှ ယခင်ချိန်ပြန်ဖြစ်ရန် သဘောထားထုတ်ပြန်ခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံနှင့် ပညာရေးဝန်ကြီးဌာန အခြေခံပညာသို့ ပေးပို့ခဲ့ကြောင်းသိရသည်။
လက်ရှိတွင် ပညာရေးဝန်ကြီးဌာန အခြေခံပညာညွှန်ချုပ်မှ ၄င်းတို့အနေဖြင့်ကျောင်းများအား အချိန်ပြောင်း လဲခြင်းမရှိကြောင်းစာပြန်ခဲ့ပြီး ယင်းစာတွင်ကွဲလွဲနေသည့်အချက်များအားထောက်၍ စားသုံးသူကာကွယ်ရေး အသင်းမှ ၂ချိန်ကျောင်းများအား တစ်ချိန်ကျောင်းအဖြစ်ပြောင်းလဲပြီးမှသာ ယခုကဲ့သို့ပြောင်းလဲရန် သဘောထားထုတ်ပြန်ချက်ထုတ်ထားကြောင်းသိရသည်။
နေခြံရံ
Isee Media

0 comments:

Post a Comment